ကိုဗစ် ကပ်ရောဂါကြောင့် တရုတ်အိမ်ခြံမြေ ဈေးနှုန်းများနှင့် အရောင်းအဝယ်များ အောက်တိုဘာလတွင် ဆက်လက်ကျဆင်း

ကိုဗစ် ကပ်ရောဂါကြောင့် တရုတ်အိမ်ခြံမြေ ဈေးနှုန်းများနှင့် အရောင်းအဝယ်များ အောက်တိုဘာလတွင် ဆက်လက်ကျဆင်း

တရုတ်၏ အိမ်ရာဈေးနှုန်းများနှင့် အရောင်းအဝယ်သည် ကျဆင်းလျက်ရှိကြောင်း ပုဂ္ဂလိကအချက်အလက်များက ပြသနေပြီး တရုတ် အိမ်ခြံမြေဈေးကွက်သည် အောက်တိုဘာလတွင် ဆက်လက်ကျဆင်းနေမြဲဖြစ်ကာ ကိုဗစ် ကန့်သတ် ချက်များ ရှိနေချိန်၌ စိတ်အားမထက်သန်ကြမှုနှင့် မျှော်လင့်ချက်မရှိသည့် အလားအလာတို့ ကြောင့် ဖောက်သည်များ၏ ယုံကြည်မှုကို ထိခိုက်စေသည်။

ကုမ္ပဏီများက အလွန်အကျွံ ချေးယူမှုအပေါ် အစိုးရက ကန့်သတ်ချုပ်ချယ်မှုနှင့် ကိုဗစ်-၁၉ ကြောင့်ဖြစ်သော စီးပွားရေးကျဆင်းမှုတို့ကြောင့် တစ်ချိန်က တိုးတက်မှု၏ မဏ္ဍိုင်တစ်ခုဖြစ်သည့် တရုတ်နိုင်ငံ၏ အိမ်ခြံမြေ ကဏ္ဍသည် လွန်ခဲ့သည့်နှစ်က သိသိသာသာ နှေးကွေးသွားခဲ့သည်။

မြို့ကြီးပေါင်း ၁၀၀ ရှိ အိမ်ရာတန်ဖိုးများသည် စက်တင်ဘာလက ၀ ဒသမ ၀၂ ရာခိုင်နှုန်းကျဆင်းပြီးနောက် တစ်လအကြာ အောက်တိုဘာလတွင် ၀ ဒသမ ၀၁ ရာခိုင်နှုန်း ကျဆင်းကာ ၄ လဆက်တိုက်ကျဆင်းခဲ့ကြောင်း

နိုင်ငံ၏အကြီးဆုံး လွတ်လပ်သော အိမ်ခြံမြေသုတေသနလုပ်ငန်း China Index Academy (CIA) က နိုဝင်ဘာ ၁ ရက်တွင် စစ်တမ်းတစ်ရပ်ထုတ်ပြန်ခဲ့သည်။

မြို့ပေါင်း ၁၀၀ ရှိ အိမ်ရာဆောက်အအုံဈေးနှုန်းများသည် အောက်တိုဘာလတွင် တစ်နှစ်ထက်တစ်နှစ် ၂၀ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း CIA ၏ တခြားထုတ်ပြန်ချက်တစ်ခုတွင် ဖော်ပြထားသည်။

သုတေသနကုမ္ပဏီမှ လေ့လာသုံးသပ်သူ ချန်ဝမ်ကျင်းက အိမ်ခြံမြေကဏ္ဍဦးမော့လာမှုသည် ကိုဗစ် ထိန်းချုပ်ရေးအစီအမံများနှင့် မူဝါဒများ၏ ခိုင်မာမှုအပေါ်တွင် မူတည်ကြောင်း ပြောကြားခဲ့သည်။

တရုတ်သည် ထပ်ခါတလဲလဲကူးစက်နေသော ကိုရိုနာဗိုင်းရပ်ဖြစ်ပွားမှုကို တိုက်ဖျက်ရန် တင်းကျပ်သော ကိုဗစ်ကန့်သတ်ချက်များကို ဆက်ပြီးလက်ကိုင်ထားပါက အိမ်ခြံမြေဈေးကွက်ပြန်လည်ဦးမော့လာမှုမှာ နှောင့်နှေးလိမ့်မည်ဟု မျှော်လင့်ကြောင်း ချန်က ပြောကြားခဲ့သည်။

ဒေသန္တရာအစိုးရအဖွဲ့ ၁၆၀ သည် စက်တင်ဘာနှင့်အောက်တိုဘာလများတွင် ထောက်ပံ့ငွေပေးမှုများ၊ ဝယ်ယူမှုကန့်သတ်ချက်များလျှော့ချခြင်းနှင့် ကနဦးသွင်းငွေ လျှော့ချခြင်းများအပါအဝင် မူဝါဒ ၂၃၀ ကျော် ပြောင်းလဲခဲ့သော်လည်း လူဦးရေသည် မြို့ငယ်များမှ မြို့ကြီးများသို့ ရွှေ့ပြောင်းသွားခြင်းနှင့်အတူ အိမ်ခြံမြေဈေးကွက်ကျဆင်းမှုမှာ ပိုမိုကျယ်ပြန့်လာသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required