ဘင်လာဒင်သေတမ်းစာတွင် ဂျီဟတ်စစ်ပွဲအတွက် ကန်ဒေါ်လာ ၂၉ သန်း ချန်ထားရစ်

ဘင်လာဒင်သေတမ်းစာတွင် ဂျီဟတ်စစ်ပွဲအတွက် ကန်ဒေါ်လာ ၂၉ သန်း ချန်ထားရစ်

နယူးယောက်၊ မတ် ၂ ။               ။ ၂၀၁၁ ခုနှစ် စီးနင်းမှုအတွင်း သေဆုံးခဲ့သည့် အယ်ခိုင်ဒါခေါင်းဆောင် ဘင်လာဒင်က သေတမ်းစာတွင် အမေရိကန်ဒေါ်လာ ၂၉ သန်းအား ဂျီဟတ်စစ်ပွဲအတွက် ထားရစ်ခဲ့ကြောင်း ဖော်ပြထားသည်။

ပါကစ္စတန် အဘူဒါဘတ်တွင် အမေရိကန် နေဗီဆီးလ်အဖွဲ့ ဘင်လာဒင်၏ ဝင်းခြံအား ဝင်ရောက်စီးနင်းပြီး ရရှိမှတ်တမ်းမှတ်ရာများအား မီဒီယာများသို့ ထုတ်ပြန်ရာတွင် ဘင်လာဒင်၏ သေတမ်းစာလည်း ပါဝင်သည်။

ဘင်လာဒင်က ၎င်း၏ မိသားစုများအား သူ့သေတမ်းစာဆန္ဒအား လိုက်နာရန်နှင့် ထားရစ်သည့် အမွေအား ဂျီဟတ်စစ်ပွဲ၊ အလာဟ်အား အလုပ်အကျွေးပြုခြင်းတို့အတွက် သုံးစွဲရန် တိုက်တွန်းထားသည်။

အဆိုပါ ထားရစ်ခဲ့သည့် ပိုင်ဆိုင်မှုအမွေက ဆူဒန်တွင် ရှိနေကြောင်း ဘင်လာဒင်က ဖော်ပြထားသောလည်း ငွေကြေးအနေဖြင့် ရှိခြင်းလား၊ ပိုင်ဆိုင်မှုအာမခံ အက်ဆက်များအနေဖြင့် ရှိခြင်းလား သေချာရှင်းလင်းမသိရပေ။

ဘင်လာဒင်သည် ဆူဒန်အစိုးရ ဧည့်သည်တော်အဖြစ် ၁၉၉၀ ခုနှစ်များက ဆူဒန်တွင် ငါးနှစ်ကြာမျှ နေထိုင်ခဲ့ဖူးသည်။

ဘင်လာဒင်ပိုင် ငွေကြေးများ အမွေခံများထံ ရောက်ရှိ မရှိကိုလည်း သေချာမသိရသေးပေ။

ထုတ်ပြန်သည့် အခြားစာရွက်စာတမ်းများတွင် လူလောကအား ကယ်တင်ရေး အမေရိကန်များအနေဖြင့် ရာသီဥတုပြောင်းလဲမှုအား တာဝန်ယူ တိုက်ဖျက်ရန် ဆော်သြထားသည်။

၎င်း၏ ဇနီးတစ်ဦး သွားအတွင်း ခြေရာခံကိရိယာကို သွားဆရာဝန်တစ်ဦးက ထည့်သွင်းခဲ့သည်ဟု စိုးရိမ်ပူပန်ကြောင်းကိုလည်း စာတစ်စောင်တွင် ရေးသားထားသည်။

စက်တင်ဘာ ၁၁ ရက် အမေရိကန်တိုက်ခိုက်မှုကြီး ဆယ်နှစ်ပြည့်အဖြစ် မီဒီယာလှုံ့ဆော်မှုကြီးတစ်ရပ် ပြုလုပ်ရန်လည်း စီစဉ်ထားသည်ကို တွေ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly