နာမည်ကျော် ပါကစ္စတန်ဂျာနယ်လစ် လုပ်ကြံသတ်ဖြတ်ခံရမှုအတွက် စစ်တပ်အပေါ် သံသယများ တိုးပွားလာ

နာမည်ကျော် ပါကစ္စတန်ဂျာနယ်လစ် လုပ်ကြံသတ်ဖြတ်ခံရမှုအတွက် စစ်တပ်အပေါ် သံသယများ တိုးပွားလာ

နာမည်ကျော် ပါကစ္စတန် ဂျာနယ်လစ် အာရှက်ဒ် ရှာရစ် ပြီးခဲ့သည့် အောက်တိုဘာ ၂၄ ရက် မနက်ပိုင်းက ကင်ညာနိုင်ငံတွင် ရက်စက်စွာ သတ်ဖြတ်ခံရမှုက ပါကစ္စတန် ထောက်လှမ်းရေးအဖွဲ့ (ISI) ၏ လက်မရွံ့ လူသတ်အဖွဲ့၏ လက်ချက် ဖြစ်နိုင်သည်ဆိုပြီး သံသယများ ကြီးထွားလာလျက် ရှိသည်။

ဂျာနယ်လစ် ရှာရစ်သည် ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်း၏ ကိစ္စတွင် စစ်တပ်အပေါ် အပြင်းအထန် ဝေဖန်ခဲ့သူဖြစ်သည်။

ရှာရစ်သည် စစ်တပ်ခေါင်းဆောင်ပိုင်းကို အပြင်းအထန် ဝေဖန်ခဲ့သည့်အတွက် အမှုဖွင့်အရေးယူခြင်း ခံရမည့်အရေးမှ ရှောင်လွဲနိုင်ရန်နှင့် လုံခြုံဘေးကင်းစေရန် နိုင်ငံမှ ပြည်ပသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

ဂျာနယ်လစ် ရှာရစ်သည် ပါကစ္စတန်စစ်တပ်၏ ပစ်မှတ် ဖြစ်ခဲ့ခြင်း၏ နောက်ကွယ်တွင် တစ်ခုထက်ပိုသော အကြောင်းရင်းများ ရှိနေသည်။ ရှာရစ်သည် ‘ပိတ်ထားသော တံခါးများ၏ နောက်ကွယ်’ ဟု အမည်တပ်ထားပြီး ပါကစ္စတန်ရှိ အကျင့်ပျက်ခြစားမှုများနှင့်ပတ်သက်သည့် သတင်းမှတ်တမ်းတစ်ပုဒ်ကို ရေးသားနေခဲ့သူလည်း ဖြစ်သည်။ အဆိုပါ သတင်းမှတ်တမ်းသည် ပါကစ္စတန်ရှိ နိုင်ငံရေးသမားများနှင့် စစ်ဗိုလ်ချုပ်ကြီးများ၏ အကျင့်ပျက်ခြစားမှုများကို ထုတ်ဖော်ထားသည်။ ထို့ပြင် ၎င်းသည် မှတ်တမ်းတင် ဆောင်းပါး၏ တစိတ် တဒေသအဖြစ် ISI နှင့် မူးယစ်ရာဇာ ဒါဝုဒ် အီဘရာဟင်အကြား ကင်ညာနိုင်ငံရှိ ပတ်သက်မှု အချိတ်အဆက်ကိုလည်း စုံစမ်းနေခဲ့ကြောင်း သတင်းရင်းမြစ်များက ပြောသည်။

ရှာရစ်သည် ရည်ရွယ်ချက်ထား သတ်ဖြတ်ခံရခြင်း ဖြစ်ကြောင်း ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း အီမရန် ခန်းကလည်း ပြီးခဲ့သည့် အောက်တိုဘာ ၂၅ ရက်တွင် ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required