ယူကရိန်းရပ်တည်ချက်နှင့် ပါတီညီလာခံရလဒ်များကြောင့် ဥရောပအနေဖြင့် တရုတ်မူဝါဒကို ပြန်စဉ်းစားသင့်ဟု လေ့လာသုံးသပ်သူပြော

By VOA
31 October 2022
ယူကရိန်းရပ်တည်ချက်နှင့် ပါတီညီလာခံရလဒ်များကြောင့် ဥရောပအနေဖြင့် တရုတ်မူဝါဒကို ပြန်စဉ်းစားသင့်ဟု လေ့လာသုံးသပ်သူပြော

တရုတ်သည် အသာစီး ရမှုကြောင့်မဟုတ်ဘဲ ယူကရိန်းအကျပ်အတည်းနှင့် အင်အားချည်နဲ့လာသော ရုရှားတို့ကြောင့် ကမ္ဘာ့အရေးတွင် ပိုမိုထင်ရှားပေါ်လွင်သော နိုင်ငံအဖြစ် ပေါ်ထွက်လာခြင်းဖြစ်ကြောင်း ဝါဆောအခြေစိုက် လေ့လာသုံးသပ်သူတစ်ဦးက ပြောသည်။

ယူကရိန်းစစ်ပွဲအပေါ် တရုတ်ပြုမူပုံနှင့် အကြိမ် ၂၀ မြောက်တရုတ်ကွန်မြူနစ်ပါတီညီလာနှင့်ရလဒ်များ စသည့် အဓိကဖြစ်ရပ်နှစ်ခုသည် တရုတ်အပေါ် ဥရောပ၏သဘောထားကို ပြောင်းလဲသွားစေကြောင်း ဝါဆောအခြေစိုက် Amicus Europae ဖောင်ဒေးရှင်းမှ ဥက္ကဋ္ဌ အိုင်ရင်းနပ်စ်ဘီလ်က ပြောသည်။

ရုရှား-ယူကရိန်းပဋိပက္ခအပေါ် တရုတ်ရပ်တည်ချက်ကြောင့် ဥရောပသည် တရုတ်အပေါ် သဘောထားများ တင်းမာလာခဲ့ပါက နောက်ဆုံး မူဝါဒကြေညာချက်များနှင့် တရုတ်ကွန်မြူနစ်ပါတီကွန်ဂရက်၏ ခေါင်းဆောင်သစ်ပိုင်းသည် အီးယူအား ယခင်က လိုလိုလားလားရှိသော ချဉ်းကပ်မှုကို ပြန်လည်တွက်ချက်သွားနိုင်စေသည့် နောက်ထပ်အကြောင်းရင်းဖြစ်သည်ဟု ဘီလ်ကဆိုသည်။

ယင်းအခြေအနေအောက်၌ နိုင်ငံတကာအရေးတွင် တရုတ်၏ ကျယ်ပြန့်လာသောကဏ္ဍနှင့် ဗဟိုနှင့်အရှေ့ဥရောပအပါအဝင် ဥရောပတွင် ခြေရာချဲ့ထွင်နိုင်မှုအလားအလာသည် စိစစ်မှုနှင့် စောင့်ကြည့်မှု တိုးလာခြင်းတို့နှင့်အတူ ယှဉ်တွဲလာလိမ့်မည်ဟု လေ့လာသုံးသပ်သူက ပြောသည်။

အီးယူတွင် တရုတ်ရင်းနှီးမြှုပ်နှံမှုနှင့်ပတ်သက်ပြီး ၂ ကြိမ် မစဉ်းစားခဲ့ရသော ယခင်ဖြစ်ရပ်များနှင့် နှိုင်းယှဉ်ပါက ဥရောပသည် တရုတ် ရင်းနှီးမြှုပ်နှံမှုများနှင့် နည်းပညာဖလှယ်မှုအကျိုးဆက်များကို ယခင်ထက် ပိုမိုသတိထားကာ စိစစ်ရေးလုပ်ငန်းစဉ်များတွင်လည်း ပိုမိုသတိချပ်သင့်ကြောင်း ဘီလ်က ပြောသည်။

“အခု လူတွေက တရုတ်ရင်းနှီးမြှုပ်နှံမှုနောက်ကွယ်မှာ ဘယ်သူတွေ ရှိမလဲ၊ သူတို့က ဘယ်လို နည်းပညာအမျိုးအစားတွေကို သုံးမှာလဲ၊ ဘယ်လို အဆောက်အအုံတွေနဲ့ လုပ်ဆောင်မှာလဲနဲ့ အဲဒီနောက်မှာ ဘာလုံခြုံရေးအန္တရာယ်တွေရှိမလဲ ဆိုတာ လူတွေက စူးစမ်းနေကြပါပြီ” ဟု ဘီလ်က ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required