အမေရိကန်နှင့် အိန္ဒိယကို တန်ပြန်ရန် ပါကစ္စတန်တို့ လျှို့ဝှက် ဆိုက်ဘာတပ်ဖွဲ့ ထူထောင်ရာတွင် တူရကီက အကူအညီပေးခဲ့

အမေရိကန်နှင့် အိန္ဒိယကို တန်ပြန်ရန် ပါကစ္စတန်တို့ လျှို့ဝှက် ဆိုက်ဘာတပ်ဖွဲ့ ထူထောင်ရာတွင် တူရကီက အကူအညီပေးခဲ့

တူရကီသည် ပါကစ္စတန်၌ ဆိုက်ဘာတပ်ဖွဲ့တစ်ခု ထူထောင်ရာတွင် လျှို့ဝှက်စွာ ကူညီပေးခဲ့ပြီး အဆိုပါ တပ်ဖွဲ့ထူထောင်မှုကို နှစ်နိုင်ငံ သဘောတူညီချက်အောက်တွင် ဖုံးကွယ်ထားခဲ့သည်။ ပါကစ္စတန်သည် အဆိုပါ ဆိုက်ဘာတပ်ဖွဲ့ကို ပြည်တွင်းနိုင်ငံရေး ရည်မှန်းချက်များအတွက် အသုံးချခဲ့သလို အမေရိကန်နှင့် အိန္ဒိယကို ဆိုက်ဘာတိုက်ခိုက်ရန် ရည်ရွယ်လုပ်ဆောင်ခဲ့သည်။ ထို့ပြင် ပါကစ္စတန်၏ အုပ်ချုပ်သူများကို ဆန့်ကျင်သည့် ဝေဖန်မှုများကို တိုက်ဖျက်ရန် အဆိုပါ ဆိုက်ဘာတပ်ဖွဲ့ကို အသုံးချခဲ့သည်။

ပါကစ္စတန် အာဏာပိုင်တို့အပေါ် ဝေဖန်မှုများကို လျော့ပါးစေရန်၊ အမေရိကန်နှင့် အိန္ဒိယကို ဆိုက်ဘာတိုက်ခိုက်ရန်၊ အရှေ့တောင်အာရှရှိ မွတ်စလင်များ၏ သဘောထားအမြင်များအပေါ် လွှမ်းမိုးနိုင်ရန်နှင့် အများပြည်သူ အမြင်ကို ပုံဖော်ရန် ဆိုက်ဘာ တပ်ဖွဲ့တစ်ခု ထူထောင်ရာတွင် ပါကစ္စတန်ကို တူရကီက ကူညီပေးခဲ့ကြောင်း Nordic Monitor က သိရှိခဲ့သည်။

ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်းက ၂၀၁၈ ခုနှစ်တွင် ပြည်ထဲရေးဝန်ကြီးရာထူးပါ တစ်ပြိုင်နက်တည်း ယူထားခဲ့စဉ် တူရကီ ပြည်ထဲရေးဝန်ကြီး ဆူလေမန် ဆွိုင်လူနှင့် တွေ့ဆုံရာတွင် အဆိုပါ အစီအစဉ်ကို ရှေ့ဆက်လုပ်ဆောင်ရန် ခွင့်ပြုပေးခဲ့ခြင်း ဖြစ်သည်။

အဆိုပါ လျှို့ဝှက် လုပ်ဆောင်ချက်ကို နှစ်နိုင်ငံအကြား ဆိုက်ဘာအမှုအခင်း တိုက်ဖျက်ရေး ပူးပေါင်း ဆောင်ရွက်မှု ဆိုင်ရာ သဘောတူညီချက်အောက်တွင် ဖုံးကွယ်ထားခဲ့သည်။ အမှန်အားဖြင့် ယင်းသည် အမေရိကန်၊ အိန္ဒိယနှင့် အခြားသော ပြည်ပအင်အားကြီးနိုင်ငံများ လုပ်ဆောင်သည့် ဩဇာလွှမ်းမိုးမှု ဆောင်ရွက်ချက်များကို တန်ပြန်ရန် ဖြစ်ခဲ့ကြောင်း Nordic Monitor က ဖော်ပြသည်။

၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၁၇ ရက်တွင် ထိုစဉ်က ပါကစ္စတန် ပြည်ထဲရေးဝန်ကြီးဖြစ်သည့် ရှာဟ်ယာခန်း အက်ဖ်ရီ နှင့် နိုင်ငံသို့ လာရောက်သည့် တူရကီ ပြည်ထဲရေးဝန်ကြီး ဆူလေမန် ဆွိုင်လူ တို့အကြား သီးသန့်ဆွေးနွေးမှုအတွင်း ယင်းကဲ့သို့သော ဆိုက်ဘာ တပ်ဖွဲ့တစ်ခု ထူထောင်မည့် အဆိုပြုချက်ကို ပထမဆုံး ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly