ရှီကျင့်ဖျင် တတိယအကြိမ် သမ္မတသက်တမ်းစတင်ချိန်တွင် တရုတ်ရှိနိုင်ငံခြားစီးပွားရေးလုပ်ငန်းများ သတိထား လုပ်ကိုင်နေ

ရှီကျင့်ဖျင် တတိယအကြိမ် သမ္မတသက်တမ်းစတင်ချိန်တွင် တရုတ်ရှိနိုင်ငံခြားစီးပွားရေးလုပ်ငန်းများ သတိထား လုပ်ကိုင်နေ

တရုတ်သမ္မတရှီကျင့်ဖျင် အသစ်ဖွဲ့စည်းလိုက်သည့် ခေါင်းဆောင်ပိုင်းနှင့် သူထုတ်ပြန်လိုက်သည့် ဦးစားပေး လုပ်ငန်းများအပြင် ဈေးကွက်အတွင်း နိုင်ငံတော်က ပိုမိုဝင်ရောက် စွက်ဖက်ရေး တောင်းဆိုမှု အချို့တို့ကြောင့် နိုင်ငံအတွင်းလာရောက် လုပ်ကိုင်နေသော စီးပွားရေးအဖွဲ့အစည်းများအနေဖြင့် သတိထားလာရကြောင်း အောက်တိုဘာ ၂၄ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။

အောက်တိုဘာ၂၃ရက်ကပြီးဆုံးသွားသည့်ကွန်မြူနစ်ပါတီညီလာခံ၌ သမ္မတရှီပြောကြားခဲ့သည့်မိန့်ခွန်းတွင် ပြုပြင်ပြောင်းလဲရေးပိုမိုပြုလုပ်ရန်နှင့်တံခါးများပိုမိုဖွင့်သွားမည်ဟု ပြောကြားမှုအပေါ် အားရမိကြောင်း ရှန်ဟိုင်းရှိအမေရိကန်ကုန်သည်ကြီးများအသင်းဥက္ကဋ္ဌအဲရစ်ကျန်းက ရိုက်တာသို့ပြောကြားခဲ့သည်။

"ဒါပေမယ့် တရုတ်စီးပွားရေးကစိန်ခေါ်မှုတွေနဲ့ရင်ဆိုင်နေရတဲ့အချိန်မှာ နိုင်ငံတော်ကဏ္ဍကိုပံ့ပိုးကူညီသလိုမျိုး အစိုးရကဈေးကွက်မဟုတ်တဲ့ကဏ္ဍတွေကိုအကူညီပေးတာက ဆန့်ကျင်ဘက် အကျိုးသက်ရောက်မှုတွေ ဖြစ်လာမှာကိုစိုးရိမ်မိပါတယ်" ဟု ၎င်းကပြောကြားခဲ့သည်။

ရှီသည်အောက်တိုဘာ၂၃ရက်တွင်စံချိန်တင်တတိယအကြိမ်မြောက်ခေါင်းဆောင်မှုသက်တမ်းကိုရယူခဲ့ပြီးသစ္စာခံ များနှင့်ဖွဲ့စည်းထားသော ပေါ်လစ်ဗျူရိုအမြဲတမ်းကော်မတီအသစ်ကိုမိတ်ဆက်ခဲ့သဖြင့် နိုင်ငံရေးအတွေး အခေါ်အခြေခံသည့်မူဝါဒများချမှတ်မည်ကိုစိုးရိမ်သဖြင့်ရင်းနှီးမြှုပ်နှံသူများက တရုတ်နှင့်ဟောင်ကောင်စတော့ရှယ်ယာများကိုထိတ်လန့်တကြားရောင်းချကြသဖြင့်သိသိသာသာကျဆင်းသွားခဲ့သည်။

“အပိုင်း၂” ဟုလူသိများသောပါတီနှစ်ပတ်လည်အစည်းအဝေးများ ကျင်းပမည့် မတ်လအထိ အဓိကမူဝါဒများ ကြေညာဖွယ်မရှိသေးခြင်းကြောင့် တရုတ်ရှိဥရောပသမဂ္ဂကုန်သည်ကြီးများအသင်းမှ ညီလာခံ၏ အကျိုးသက်ရောက်မှုကိုစောင့်ကြည့်နေကြောင်းကြေညာချက်တွင်ပြောကြားခဲ့သည်။

ရှီကျင့်ဖျင်၏သဘာဝပတ်ဝန်းကျင်ကာကွယ်ရေးဆိုင်ရာမှတ်ချက်များနှင့်ပတ်သက်ပြီးဥရောပစီးပွားရေးအုပ်စုက အပြုသဘောရှုမြင်နေသော်လည်း ပြုပြင်ပြောင်းလဲမှုနှင့် ပွင့်လင်းမြင်သာမှုတွင် တရုတ်က မည်သို့ဆက်လက်ပြုလုပ်မည်ကိုကတိကဝတ်ပြုထားခြင်းနှင့်ပတ်သက်၍ပိုမိုရှင်းလင်းပြတ်သားစွာသိရှိလို ကြောင်း ပြောကြားခဲ့သည်။

ဒီထုတ်ပြန်ချက်၂ခုကိုလက်တွေ့မှာဘယ်လိုပြန်လည်ပေါင်းစည်းမလဲဆိုတာရှင်းရှင်းလင်းလင်းမသိရသေးပါဘူး”ဟု ၎င်းကဆိုသည်။

တရုတ်ရှိဗြိတိန်ကုန်သည်ကြီးများအသင်းမှမန်နေးဂျင်းဒါရိုက်တာစတိလန့်ချ်ကညီလာခံတွင်ပြောကြားခဲ့သော မှတ်ချက်များသည် အတိတ်နှင့်ဆက်စပ်မှုအချို့ကိုညွှန်ပြနေသော်လည်း အချို့သောမူဝါဒများတွင် သိသိသာသာပြောင်းလဲမှုများကိုမြင်တွေ့ခဲ့ရပြီးယင်းတို့ကိုမည်သို့အကောင်အထည်ဖော်မည်ကိုစောင့်ကြည့်ရမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required