ရုရှားသို့ တရုတ်ပို့ကုန် ၂၀ရာခိုင်နှုန်းကျော်မြင့်တက်

ရုရှားသို့ တရုတ်ပို့ကုန် ၂၀ရာခိုင်နှုန်းကျော်မြင့်တက်

ရုရှား-ယူကရိန်းစစ်ပွဲနှင့်ကမ္ဘာ့စီးပွားရေးကျဆင်းနေခြင်းကြောင့်ပြင်ပဝယ်လိုအား နည်းနေချိန်တွင် စီးပွားရေး ပိတ်ဆို့မှုဒဏ်ခံနေရသည့်ရုရှားသို့တရုတ်တင်ပို့မှုသည် စက်တင်ဘာလတွင် တတိယလ ဆက်တိုက်၂၀ရာခိုင်နှုန်းကျော်မြင့်တက်လာသည်။

ကမ္ဘာ့စီးပွားရေးအင်အားကြီးနိုင်ငံများတွင်ငွေကြေးဖောင်းပွမှုများလာခြင်းကို တားဆီးရန် ဘဏ်တိုးနှုန်း တိုးမြှင့်လိုက်ခြင်းကြောင့် တရုတ်ကုန်စည်ဝယ်လိုအား နည်းပါးနေသည်။ သို့သော် အောက်တိုဘာ၂၄ရက်တွင် တရုတ်အကောက်ခွန် အချက်အလက်များကိုအခြေခံသည့် ရိုက်တာသတင်းဌာနမှ တွက်ချက်မှုများအရ ရုရှားသို့တရုတ်ကုန်ပစ္စည်းများတင်ပို့မှုသည်၂၀၂၁ခုနှစ်ကာလတူထက်ဒေါ်လာဖြင့်တွက်ချက်မှုတွင် ၂၁ဒသမ၂ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ဩဂုတ်လတွင်၂၆ဒသမ၅ရာခိုင်နှုန်းရှိခဲ့ရာမှ ကျဆင်းသွားသော်လည်း တရုတ်စုစုပေါင်းပို့ကုန်တိုးတက်မှု ၅ဒသမ၇ရာခိုင်နှုန်းထက်များသည်။

ရုရှားသို့ထိပ်တန်းတင်ပို့ပစ္စည်းများတွင်စမတ်ဖုန်းများ၊မီးစက်များ၊မြေတူးစက်များနှင့်ကွန်တိန်နာများပါဝင်သည်။

တစ်စိတ်တစ်ပိုင်းအားဖြင့်နှစ်စဉ်ရေနံတင်သွင်းမှု၂၂ရာခိုင်နှုန်းတိုးလာခြင်းကြောင့်ရုရှားမှတင်သွင်းမှုသည် သြဂုတ်လတွင် ၅၉ဒသမ၃ရာခိုင်နှုန်းရှိခဲ့သည်နှင့် နှိုင်းယှဉ်ပါက ၅၅ဒသမ၂ရာခိုင်နှုန်းသာရှိခဲ့ကြောင်း အကောက်ခွန်အချက်အလက်များကဖော်ပြနေသည်။

ရုရှားမှရေနံထောက်ပံ့မှုစုစုပေါင်းတန်ချိန်၇ဒသမ၄၆သန်းရှိပြီးသြဂုတ်လတွင် တစ်ရက်လျှင် စည်ပေါင်း ၁ဒသမ၈၂သန်း (bpd) သန်းနှင့်ညီမျှသည်။

အနောက်နိုင်ငံများကရုရှားကိုဒဏ်ခတ်ပိတ်ဆို့ထားခြင်းကြောင့်တရုတ်နှင့်ပူးပေါင်းဆောင်ရွက်မှုသည်ရုရှား အတွက် ပိုအရေးကြီးလာသည်။

ပထမ၉လအတွင်းနှစ်နိုင်ငံကုန်သွယ်မှုတန်ဖိုးသည်အမေရိကန်ဒေါ်လာ၁၃၆ဒသမဝ၉ဘီလီယံအထိမြင့်တက်လာခဲ့ ပြီး ၃၂ဒသမ၅ရာခိုင်နှုန်း တိုးတက်လာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required