Huawei အမှုကိုနှောင့်ယှက်ဟန့်တားမှုဖြင့် တရုတ်နိုင်ငံသား၂ဦးကို အမေရိကန် တရားစွဲ

Huawei အမှုကိုနှောင့်ယှက်ဟန့်တားမှုဖြင့် တရုတ်နိုင်ငံသား၂ဦးကို အမေရိကန် တရားစွဲ

တရုတ်ဆက်သွယ်ရေးကုမ္ပဏီတစ်ခုဖြစ်သည့် Huawei Technologies Co Ltd (HWT.UL) အား တရားစွဲမှုအပေါ် နှောင့်ယှက်ရန်ကြိုးစားနေသည့် တရုတ်နိုင်ငံသား၂ဦးကိုအမေရိကန်အစိုးရရှေ့နေများက အောက်တိုဘာ ၂၄ရက်တွင် တရားစွဲဆိုလိုက်ကြောင်းယင်းကိစ္စနှင့်နီးစပ်သူတစ်ဦးကဆိုသည်။

တရုတ်၏ ဥပဒေမဲ့သြဇာလွှမ်းမိုးမှုပိုမိုကျယ်ပြန့်လာနေသည်ကို ယင်းအမှုကဖော်ပြနေကြောင်း အစိုးရရှေ့နေများကပြောကြားလိုက်သည်။

တရုတ်အတွက်သူလျှိုလုပ်မှုသို့မဟုတ် တရုတ်အတိုက်အခံများကို ခြိမ်းခြောက်မှုဖြင့် အခြားအမှု၂ခုတွင်လည်း လူ၁၁ဦးကိုလည်း တရားစွဲဆိုထားသည်။

Huawei အားစုံစမ်းစစ်ဆေးမှုကိုနှောင့်ယှက်ရန် ကြိုးပမ်းမှုများနှင့် ပတ်သက်သည့်အမှုတွင် တရုတ်ထောက်လှမ်းရေးအရာရှိ၂ဦးသည် ၎င်းတို့၏သူလျှိုအဖြစ်လုပ်ဆောင်ရန်အမေရိကန်တရားဥပဒေ စိုးမိုးရေးဌာနမှ ထောက်လှမ်းရေးတစ်ဦးကိုသိမ်းသွင်းရန်ကြိုးပမ်းခဲ့ကြောင်း အစိုးရရှေ့နေများက ပြောကြားခဲ့သည်။ သို့သော် စည်းရုံးခံရသည့် ထောက်လှမ်းရေးသည် အမေရိကန်အတွက်လည်း အလုပ်လုပ်နေသူဖြစ်သည်။

တရားစွဲဆိုမှုအားဝင်ရောက်စွက်ဖက်ရန်ကြိုးပမ်းမှုဖြင့်တရုတ်နိုင်ငံသားကော်ချန်ဟော်နှင့်ကျန်းဝမ်တို့ကို တရားစွဲဆိုထားကြောင်း အစိုးရရှေ့နေများက ပြောကြားခဲ့သည်။

တရားရုံးစာရွက်စာတမ်းများတွင် ကုမ္ပဏီအမည်မဖော်ပြသော်လည်း တိုင်ချက်တွင်၂၀၁၉ခုနှစ်နှင့်၂၀၂၀ပြည့်နှစ် များတွင်Huawei အားအမေရိကန်ကတရားစွဲဆိုခဲ့သည့်နေ့စွဲများကိုကိုးကားထားသည်။

ဟွာဝေးတရားစွဲဆိုမှုတွင်ဝင်ရောက်စွက်ဖက်သည်ဟုစွပ်စွဲခံထားရသည့်တရုတ်နိုင်ငံသား၂ဦးကိုတရားရေးဌာနကလည်းအခြားအမှု၂ခုအတွက်လည်းစွဲချက်တင်ထားသည်။

စွဲချက်တင်ခံရသူ၁၃ဦးတွင်၁၀ဦးမှာတရုတ်ထောက်လှမ်းရေးအရာရှိများနှင့်တရုတ်အစိုးရအရာရှိများဖြစ်ပြီး တရားခံ၂ဦးလွဲ၍ အခြားသူများမှာ လွတ်မြောက်နေဆဲဖြစ်သည်။

အမေရိကန်က တရုတ်နှင့်တရားခံလွှဲပြောင်းရေးသဘောတူညီချက် ပြုလုပ်ထားခြင်းမရှိပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly