ရှီကျင့်ဖျင်၏ ပါတီသန့်စင်မှုကြောင့် ထိုင်ဝမ်ကျုးကျော်ခံရမည့်အရေး စိုးရိမ်စရာ ပိုဖြစ်လာ

ရှီကျင့်ဖျင်၏ ပါတီသန့်စင်မှုကြောင့် ထိုင်ဝမ်ကျုးကျော်ခံရမည့်အရေး စိုးရိမ်စရာ ပိုဖြစ်လာ

ရှီကျင့်ဖျင်က နိုင်ငံရေးပြိုင်ဘက်များကို ရှင်းလင်းခြင်းနှင့် သစ္စာခံများကို တရုတ်ကွန်မြူနစ်ပါတီ၏ အကြီးပိုင်းရာထူးများသို့ တိုးမြှင့်ပေးလိုက်ခြင်းကြောင့် ရှီ၏ ကန့်သတ်မှုမရှိသော မငြင်းပယ်နိုင်သော အာဏာ သည် ထိုင်ဝမ်အား တိုက်ခိုက်လာနိုင်သည်ဟူသော အကြောက်တရားများကို ပိုမိုဆိုးရွားလာစေသည်။

တရုတ်က ထိုင်ဝမ်သည် ၎င်း ပြည်နယ်ဖြစ်သည်ဟူသော အဆိုအောက်တွင် သိမ်းယူရန် ကတိပြုထားပြီး မကြာသေးမီနှစ်များအတွင်း စစ်ရေးလှုပ်ရှားမှုနှင့် အခြားသောနှောင့်ယှက်မှုနှင့် အတင်းအကျပ်ပြုမှုပုံစံများကို တိုးမြှင့်လုပ်ဆောင်ခဲ့သည်။

အချိန်သတ်မှတ်မထားသော်လည်း အကြီးပိုင်းကာကွယ်ရေးဆိုင်ရာ ပုဂ္ဂိုလ်ကြီးများအဆိုအရ တရုတ်သည် ထိုင်ဝမ်ကို အစောဆုံး ၂၀၂၇ ခုနှစ်တွင် ကျူးကျော်နိုင်သည်ဟု ဆိုသည်။

ဗဟိုကော်မတီ၊ ပေါ်လစ်ဗျူရို၊ ၇ ဦးပါ အမြဲတမ်းကောင်မတီ (PSC)နှင့်တရုတ်စစ်တပ်ကို ကြီးကြပ်သည့် ရှီ ဦးဆောင်သော ဗဟိုစစ်ကော်မရှင်တို့သည် ယခုအခါ သစ္စာခံများဖြင့် လွှမ်းမိုးထားပြီး အလားအလာရှိသော ကန့်ကွက်သူများနှင့် ပြိုင်ဘက်အုပ်စုများမှ အဖွဲ့ဝင်များကို ရှင်းလင်းထားသည်။

Soas တရုတ်အင်စတီကျု ဒါရိုက်တာ ပါမောက္ခစတိဗ်ဆန်က ပြီးခဲ့သောသီတင်းပတ်က ပြုလုပ်ခဲ့သည့် အပြောင်းအလဲများသည် ထိုင်ဝမ်ကို အင်အားသုံးကျူးကျော်မည့်တရုတ်အန္တရာယ်ကို မလွဲမသေ တိုးလာ စေသည်ဟု ဆိုသည်။

ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီး ချူကောင်ချန်းက တရုတ်ကွန်မြူနစ်ပါတီသည် ထိုင်ဝမ်ကို ကျူးကျော်ရေးအတွက် ပြင်ဆင်မှုများ တိုးမြှင့်လုပ်ဆောင်ကြောင်းကို ဗဟိုစစ်ကော်မရှင်ခန့်အပ်မှုများက ညွှန်ပြနေသည်ဟု ထိုင်ဝမ် မီဒီယာများက ဖော်ပြထားသည်။

တရုတ်ကွန်မြူနစ်ပါတီ၏ လမ်းညွှန်ဖွဲ့စည်းပုံပြုပြင်ပြောင်းလဲမှုများသည် ထိုင်ဝမ်အပေါ် တရုတ်၏ ပိုမိုရန်လိုသောရပ်တည်ချက်ကိုလည်း ခိုင်မာစေခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required