တရုတ်က ကုန်ထုတ်လုပ်ရေးကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်သွားမည်

တရုတ်က ကုန်ထုတ်လုပ်ရေးကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်သွားမည်

အရေးကြီးနည်းပညာတိုက်ပွဲများ အောင်နိုင်ရန် အောက်တိုဘာ၂၃ရက်က ပြီးစီးခဲ့ သည့်ကွန်မြူနစ်ပါတီညီလာခံတွင်တောင်းဆိုခဲ့ပြီး နောက်ထုတ်လုပ်မှုလုပ်ငန်းများကို အာရုံစိုက်ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကိုတိုးမြှင့်သွားမည်ဖြစ်ကြောင်းတရုတ်သမ္မတရှီကျင့်ဖျင်က အောက်တိုဘာလ၂၅ရက်က ပြောကြားလိုက်သည်။

သြဇာကြီးသောစီမံကိန်းဌာနဖြစ်သောအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့်ပြုပြင်ပြောင်းလဲရေးကော်မရှင်၏ဝက်ဘ်ဆိုက်တွင်ဖော်ပြချက်အရနိုင်ငံခြားကုမ္ပဏီများအားအဆင့်မြင့်နည်းပညာသုံးစက်ကိရိယာများနှင့်အစိတ်အပိုင်း များ တွင်ရင်းနှီးမြှုပ်နှံရန်တရုတ်ကတွန်းအားပေးသွားမည်ဖြစ်သည်။

အရည်အချင်းပြည့်မီသောလုပ်ငန်းများကအရင်းအနှီးရှာဖွေရန်တရုတ်စတော့ဈေးကွက်တွင်စာရင်းသွင်းခြင်း အပါအဝင်နိုင်ငံခြားစီးပွားရေးလုပ်ငန်းများအတွက် ငွေကြေးထောက်ပံ့မှုအားကောင်းရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

တရုတ်စီးပွားရေးသည်စက်တင်ဘာ၃လပတ်တွင်၃ဒသမ၉ရာခိုင်နှုန်းတိုးတက်ခဲ့ပြီးမျှော်လင့်ထားသည်ထက်အရှိန်အဟုန်ဖြင့်ပြန်လည်ဦးမော့လာခဲ့သော်လည်းပြင်းထန်သောကိုဗစ်-၁၉ဆက်စပ်ကန့်သတ်ချက်များ၊ အချိန်ကြာမြင့်စွာအိမ်ခြံမြေဈေးကွက်ကျဆင်းမှုနှင့်ကမ္ဘာစီးပွားရေးကျဆင်းမှုတို့ကြောင့်အလားအလာမှာမှေးမှိန်နေသည်။

အောက်တိုဘာ၂၅ရက်ကထုတ်ပြန်ချက်တွင်နိုင်ငံခြားကုမ္ပဏီများကတရုတ်တွင်အမှုထမ်းခန့်အပ်ခြင်းကိုအားပေးသွားမည်ဖြစ်ကြောင်းကတိပြုခဲ့သည်။

"တရုတ်ကိုဗစ်-၁၉ကာကွယ်ထိန်းချုပ်မှုအောက်တွင်နိုင်ငံစုံကုမ္ပဏီများ၏အမှုဆောင်များ၊နည်းပညာရှင်များနှင့် ၎င်းတို့၏မိသားစုများတရုတ်သို့ဝင်ထွက်သွားလာမှုလွယ်ကူရေးကိုဆောင်ရွက်ပေးသွားမည်။" ဟုဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required