တရုတ်ကအမျိုးသားရေးစိတ်ဓာတ်ပြင်းထန်လာခြင်းကြောင့်ထိုင်ဝမ်က စစ်တပ်အသင့်ဖြစ်မှုကိုလျှော့ချရန် မဖြစ်နိုင်တော့

တရုတ်ကအမျိုးသားရေးစိတ်ဓာတ်ပြင်းထန်လာခြင်းကြောင့်ထိုင်ဝမ်က စစ်တပ်အသင့်ဖြစ်မှုကိုလျှော့ချရန် မဖြစ်နိုင်တော့

တရုတ်ကွန်မြူနစ်ပါတီ (CCP) ၏အကြိမ်၂၀မြောက်ပါတီညီလာခံတွင်တတိယသက်တမ်းကို တရုတ်သမ္မတရှီကျင့်ဖျင်က မကြုံစဖူးရယူခဲ့ပြီး တစ်နိုင်ငံ၊စနစ်၂မျိုးမူဝါဒကိုဆက်လက်ကိုင်စွဲကာထိုင်ဝမ်လွတ်လပ်ရေးကိုကြိုးပမ်းနေသောခွဲထွက်ရေးသမားများကိုဟန့်တားကန့်ကွက်ခဲ့သည်။

တရုတ်ကပိုမိုရန်လိုလာခြင်းနှင့်အမျိုးသားရေးစိတ်ဓာတ်ပြင်းထန်လာခြင်းကြောင့် ထိုင်ဝမ်ကယင်း၏ စစ်တပ်အသင့်ဖြစ်မှုကိုလျှော့ချရန်မဖြစ်နိုင်တော့ကြောင်းGeopolitica.info တွင် ဗယ်လ်အီရီယိုဖက်ဘရီက ရေးသားခဲ့သည်။

"တရုတ်ရဲ့အကျိုးစီးပွားအားလုံးကိုကျွန်တော်တို့ကာကွယ်ပေးပါမယ်။ထိုင်ဝမ်လွတ်လပ်ရေးကိုဆန့်ကျင်ပြီး ပြန်လည်ပေါင်းစည်းရေးကို ပိုမိုဖော်ဆောင်ဖို့ပြတ်သားတဲ့ ခြေလှမ်းတွေလုပ်ဆောင်နေပါတယ်။ ထိုင်ဝမ်ပြဿနာကိုတရုတ်ကဖြေရှင်းရမှာပါ။" ဟုအောက်တိုဘာ၁၆ရက်တွင်ရှီကပြောကြားခဲ့သည်။

ထိုင်ဝမ်ကို၂၀၂၇ခုနှစ်တွင်တိုက်ခိုက်ရန်ပြင်ဆင်ထားရေးအတွက် တရုတ်စစ်တပ်(PLA) အားရှီက အမိန့်ထုတ်ပြန်ခဲ့ကြောင်းသတင်းများထွက်ပေါ်လျက်ရှိသည်ဟု ဖက်ဘရီကရေးသားခဲ့သည်။

သို့သော်တရုတ်ကယင်း၏အစီအစဉ်များကိုပြောင်းလဲကာ၂၀၂၄ခုနှစ်အစောပိုင်းတွင်ထိုင်ဝမ်ကိုသိမ်းပိုက်နိုင်ကြောင်းအမေရိကန်ထောက်လှမ်းရေးအသိုင်းအဝိုင်းကယုံကြည်နေပြီး၊ယင်းကာလသည်၂၀၂၄ခုနှစ်ဇန်နဝါရီလတွင်ကျင်းပမည့်ထိုင်ဝမ်သမ္မတရွေးကောက်ပွဲများနှင့်တိုက်ဆိုင်နေပြီးတရုတ်ကယင်းရွေးကောက်ပွဲကထိုင်ဝမ်လွတ်လပ် ရေးကိုပိုမိုတွန်းအားပေးလိမ့်မည်ဟုယုံကြည်နေသည်။

အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌနန်စီပေလိုစီကဩဂုတ်လတွင်ထိုင်ဝမ်ခရီးစဉ်အပြီး၂၀၂၂ခုနှစ်အစောပိုင်းတွင်နှစ်နိုင်ငံကြားတင်းမာမှုအထွတ်အထိပ်သို့ရောက်ရှိခဲ့သည်။

ထိုင်ဝမ်ကိုဆိုက်ဘာတိုက်ခိုက်မှုနှင့်ထိုင်ဝမ်အနီးအနားတွင်အကြီးမားဆုံးစစ်ရေးလေ့ကျင့်မှုကိုပြုလုပ်ခဲ့ခြင်းဖြင့်ဒေါသထွက်နေသည့်တရုတ်အစိုးရကထိုင်ဝမ်အစိုးရကိုအတင်းအကျပ်ဖိအားပေးခဲ့ကြောင်းGeopolitica.info ကဖော်ပြခဲ့သည်။

နန်စီပေလိုစီ၏ခရီးစဉ်ကိုအန္တရာယ်များပြီး၊မဆင်မခြင်တာဝန်မဲ့သောရန်စမှုအဖြစ်လည်းတရုတ်ကခေါ်ဆိုခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly