တရုတ်အင်တာနက်ပေါ်တွင် ပါတီနှင့်သမ္မတအား ချီးကျူးစကားများသာ တွေ့မြင်ရ

တရုတ်အင်တာနက်ပေါ်တွင် ပါတီနှင့်သမ္မတအား ချီးကျူးစကားများသာ တွေ့မြင်ရ

ငွေကြေးဈေးကွက်များကတရုတ်ကွန်မြူနစ်ပါတီညီလာခံ၏ရလဒ်ကိုအကောင်းမမြင်သည့်သဘောဖော်ပြခဲ့သော်လည်းတရုတ်၏အင်တာနက်ပေါ်တွင်ခွင့်ပြုထားသည့်တစ်ခုတည်းသောအချက်မှာမှာအပြည့်အဝထောက်ခံ ကြောင်းဖော်ပြချက်သာဖြစ်သည်။

တရုတ်သမ္မတရှီကျင့်ဖျင်သည်အောက်တိုဘာ၂၃ရက်တွင်အဆုံးသတ်ခဲ့သည့်ညီလာခံတွင်တတိယအကြိမ်မြောက် ခေါင်းဆောင်မှုသက်တမ်းကိုရယူခဲ့ပြီးသစ္စာခံများနှင့်ဖွဲ့ထားသောပေါ်လစ်ဗျူရိုအမြဲတမ်းကော်မတီအသစ်ကို ဖွဲ့စည်းခဲ့ခြင်းကြောင့်ရင်းနှီးမြှုပ်နှံသူများကနိုင်ငံရေးအယူဝါဒအခြေခံသည့်မူဝါဒများကြောင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုဆုံးရှုံးမည်ကိုစိုးရိမ်သည့်အတွက်စတော့များကိုရောင်းချခြင်းကြောင့်တရုတ်နှင့်ဟောင်ကောင်စတော့ရှယ်ယာများသိသိသာသာဈေးနှုန်းကျဆင်းသွားခဲ့သည်။

သို့သော်ညီလာခံမတိုင်မီနှင့်ညီလာခံကာလအတွင်းဆင်ဆာဖြတ်တောက်မှုများတင်းကျပ်လာခဲ့သည့်တရုတ်အင်တာနက်ပေါ်တွင်ယင်းကဲ့သို့တုံ့ပြန်မှုမျိုးမတွေ့ရကြောင်းလေ့လာသူများကပြောကြားခဲ့သည်။

WeChatနှင့်Weiboလူမှုမီဒီယာအသုံးပြုသူများသည်ညီလာခံအကြောင်းအရာများကိုမှတ်ချက်ပေးခြင်းကို ပိတ်ပင်ထားပြီး ပါတီကို ချီးမွမ်းထားသည့်ခွင့်ပြုထားသည့်မှတ်ချက်များကိုသာ တွေ့မြင်ရမည်ဖြစ်သည်။

လူမှုမီဒီယာအသုံးပြုသူအချို့ကပွင့်လင်းမြင်သာစွာရေးသားထားသောပို့စ်များဖြင့်ဝေဖန်ခဲ့ကြသည်။အောက်တို ဘာ၂၃ရက်တွင်ရှီကပေါ်လစ်ဗျူရိုအမြဲတမ်းကော်မတီအသစ်ကိုဖွဲ့စည်းပြီးနောက်မကြာမီတွင်အချို့က“ကျွန်တော်သဘောမတူဘူး”ဟူသောစာသားကိုရေးသားခဲ့သည်။

ထိုကဲ့သို့ပို့စ်များကိုမိနစ်ပိုင်းအတွင်းဖျက်ပစ်ခဲ့သည်။

တရုတ်လူမှုခေတ်ရေစီးကြောင်းများကိုသတင်းဖော်ပြသည့်Weiboဝက်ဘ်ဆိုက်ရှိWhat's ၏အယ်ဒီတာချုပ်မန်ယာကိုဆဲလ်ကအရေးပါသည့်နိုင်ငံရေးဖြစ်ရပ်များရှိသည့်ကာလများတွင်ဆင်ဆာတင်းကျပ်စွာဖြတ်တောက်ခြင်းနှင့်လူမှုမီဒီယာကိုပိုမိုတင်းကျပ်စွာထိန်းချုပ်ကြောင်းပြောကြားခဲ့သည်။

“အထူးသဖြင့်အစည်းအဝေးအပြီးပိတ်ပွဲကာလမှာကျွန်မမြင်ခဲ့ရတာတွေကဆင်ဆာဖြတ်တောက်မှုပိုတင်းကျပ်လာပုံပေါ်ပါတယ်”ဟု၎င်းကဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly