တရုတ်နိုင်ငံ၏ တိုးတက်မှုအားနည်းကြောင်း ပြသနေသည့် အချက်အလက်များကို အစိုးရ ထုတ်ပြန်

တရုတ်နိုင်ငံ၏ တိုးတက်မှုအားနည်းကြောင်း ပြသနေသည့် အချက်အလက်များကို အစိုးရ ထုတ်ပြန်

တရုတ်ကွန်မြူနစ်ပါတီညီလာခံအပြီးတစ်ရက်အကြာတွင်ဈေးကွက်များကျဆင်းသွားစေသည့်တိုးတက်မှုအား နည်းကြောင်းကိုဖော်ပြသည့်နှောင့်နှေးနေသောစီးပွားရေးအချက်အလက်များကိုမမျှော်လင့်ဘဲထုတ်ပြန်ခဲ့ကြောင်း မီဒီယာများကဖော်ပြလိုက်သည်။

တရုတ်အမျိုးသားစာရင်းအင်းဗျူရိုသည်ဂျီဒီပီနှင့်အခြားစီးပွားရေးအညွှန်းကိန်းများကိုပြီးခဲ့သည့်သီတင်းပတ်က ထုတ်ပြန်ရန် နှောင့်နှေးခဲ့သည်။

အောက်တိုဘာ၁၈ရက်တွင်ထုတ်ပြန်ရမည်ဖြစ်သော်လည်းရွေ့ဆိုင်းရသည့်အကြောင်းရင်းကိုမရှင်းပြထားကြောင်းဝါရှင်တန်ပို့စ်သတင်းတွင်ဖော်ပြထားသည်။

သတ်မှတ်ရက်အတိုင်းထုတ်ပြန်ခဲ့ပါကတရုတ်သမ္မတရှီကျင့်ဖျင်၏မကြုံစဖူးတတိယအကြိမ်သမ္မတသက်တမ်းကို ရယူခဲ့သည့်ကွန်မြူနစ်ပါတီညီလာခံနှင့်တိုက်ဆိုင်နေမည်ဖြစ်သည်။

၂၀၂၂ခုနှစ်ဇူလိုင်နှင့်စက်တင်ဘာ၃လပတ်တွင်ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုးသည်၃ဒသမ၉ရာခိုင်နှုန်းတိုးလာကြောင်းအောက်တိုဘာ၂၄ရက်တွင်ဗျူရို၏အစီရင်ခံတင်ပြချက်ကတရုတ်အစိုးရ၏နှစ်စဉ်လျာထားချက်“၅ဒသမ၅ရာခိုင်နှုန်း”အောက်တွင်ရှိနေသေးသည်။

အချက်အလက်ထုတ်ပြန်ပြီးနောက် ဟောင်ကောင်၏ ဟန်ဆန်အညွှန်းကိန်းသည် ၂၀ဝ၈ခုနှစ်ဘဏ္ဍာရေးအကျပ်အတည်းနောက်ပိုင်း ပထမဆုံးအကြိမ်၆ရာခိုင်နှုန်းအထိ ကျဆင်းသွားသည်။

ရှန်ဟိုင်းနှင့်ရှန်ကျန်းစတော့အညွှန်းကိန်း၂ခုစလုံးသည်၂ရာခိုင်နှုန်းခန့်ကျဆင်းသွားသည်။

တရုတ်တွင်စီးပွားရေးနှင့်လူမှုရေးမညီမျှမှုများဆက်လက်ရှိနေချိန်တွင်စီးပွားရေးကျဆင်းသည့် အရိပ်အယောင်များဖြစ်ပေါ်နေပြီးသမ္မတရှီကျင့်ဖျင်၏တင်းကျပ်သောနိုင်ငံရေးထိန်းချုပ်မှုက၎င်း၏ခေါင်းဆောင်မှုကိုစိန်ခေါ်မှုများစွာကိုဖြစ်ပေါ်စေခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly