တရုတ်သို့ချစ်ပ်ပြားတင်ပို့မှုအပေါ်အမေရိကန်ထိန်းချုပ်ခြင်းက အဆင့်မြင့်နည်းပညာများရရှိရေး တရုတ်၏ ရည်မှန်းချက်ကို နှောင့်နှေးစေနိုင်

တရုတ်သို့ချစ်ပ်ပြားတင်ပို့မှုအပေါ်အမေရိကန်ထိန်းချုပ်ခြင်းက အဆင့်မြင့်နည်းပညာများရရှိရေး တရုတ်၏ ရည်မှန်းချက်ကို နှောင့်နှေးစေနိုင်

တရုတ်သို့ချစ်ပ်ပြားတင်ပို့မှုအပေါ်အမေရိကန်၏ထိန်းချုပ်ခြင်းကချစ်ပ်ထုတ်လုပ်ခြင်းတွင် အဆင့်မြင့်နည်းပညာ များရရှိရန် တရုတ်၏အစီအစဉ်ကို နှောင့်နှေးစေနိုင်ကြောင်း ထိုင်ဝမ်စက်မှုလုပ်ငန်းစီးပွားရေးဝန်ဆောင်မှုအဖွဲ့၏ လေ့လာမှုတစ်ခုကဖော်ပြလိုက်သည်။

တရုတ်သို့၂၈နာနိုမီတာအထက်ပိုအဆင့်မြင့်သောချစ်ပ်များတင်ပို့မှုကို၁၀နှစ်ကြာပိတ်ပင်လိုက်ပြီးအမေရိကန်သမ္မတဂျိုးဘိုင်ဒင်ကဩဂုတ်လတွင်တစ်ပိုင်းလျှပ်ကူးပစ္စည်းထုတ်လုပ်ရန်အထောက်အကူဖြစ်စေမည့်မက်လုံးများ ဖန်တီးခြင်းနှင့် အမေရိကန်ချစ်ပ်ထုတ်လုပ်သူများအတွက် ထောက်ပံ့ကြေး အမေရိကန်ဒေါ်လာ၅၂ဒသမ၇ဘီလီယံပေးမည့်သိပ္ပံအက်ဥပဒေတို့ကိုလက်မှတ်ရေးထိုးခဲ့သည်။

ယင်းတွင်စိန်၊ဂယ်လီယမ်အောက်ဆိုဒ်တစ်ပိုင်းလျှပ်ကူးပစ္စည်းနှင့်ဆက်စပ်နေသောနည်းပညာများအပြင်ရှုပ်ထွေးသောဆားကစ်များနှင့်ဓာတ်ငွေ့တာဘိုင်များကိုဒီဇိုင်းထုတ်ရာတွင်အသုံးပြုသည့်ဆော့ဖ်ဝဲလ်ကိုလည်းထိန်းချုပ်မှု များပြုလုပ်ထားသည်။

တောင်ကိုးရီးယား၏Samsung Electronics Co သည်တရုတ်တွင်စက်ရုံများဖြင့်ထုတ်လုပ်ရောင်းချနေပြီး အမေရိကန်တွင်ခြေကုပ်ရယူရန်ကြိုးပမ်းနေသော်လည်းတားမြစ်ကန့်သတ်ချက်များကြောင့်ဆိုးရွားစွာအထိနာခဲ့

ကြောင်းပြည်မကြီးရေးရာကောင်စီ၏သုတေသန လုပ်ငန်းဌာန ကပြုလုပ်သော လေ့လာမှုတစ်ခုတွင်ဖော်ပြထားသည်။

Samsung Electronics သည်NAND flash မှတ်ဉာဏ်ချစ်ပ်ပြားထုတ်လုပ်မှု၏ ၄၂ဒသမ၅ရာခိုင်နှုန်းကိုထုတ်လုပ်နေသည့်ရှီအန်းရှိထုတ်လုပ်ရေးစက်ရုံများအပါအဝင်တရုတ်တွင်၂၀၁၂ခုနှစ်ကတည်းက ၂၅ဒသမ၈ဘီလီယံရင်းနှီးမြှုပ်နှံထားကြောင်းအဆိုပါ ဌာနကပြောကြားခဲ့သည်။

အမေရိကန်ကSamsung ၏ရှီအန်းစက်ရုံကိုအဆင့်မြှင့်တင်ခြင်းအား တားမြစ်ပါက မှတ်ဉာဏ်ချစ်ပ်ပြားဈေးကွက်တွင်ကုမ္ပဏီ၏ယှဉ်ပြိုင်နိုင်စွမ်းကိုများစွာထိခိုက်စေမည်ဖြစ်ကြောင်းလေ့လာမှုကဆိုသည်။

ယင်းဖြစ်ရပ်ကတရုတ်၏တစ်ပိုင်းလျှပ်ကူးပစ္စည်းထုတ်လုပ်ဖြန့်ချိရေးလုပ်ငန်းစဉ်များတည်ဆောက်ရန်နှင့်တရုတ်နည်းပညာစက်မှုလုပ်ငန်း၏တိုးတက်ရေးအလားအလာကိုများစွာအခက်အခဲဖြစ်စေနိုင်ကြောင်းယင်းကထပ်လောင်းဖော်ပြခဲ့သည်။

တရုတ်၏အဆင့်မြင့်နည်းပညာကဏ္ဍကိုပစ်မှတ်ထားရန်အမေရိကန်၏ကြိုးပမ်းမှုများသည်ချစ်ပ်အက်ဥပဒေဖြင့်ပိုမိုပြင်းထန်လာကာနှစ်နိုင်ငံကြားကုန်သွယ်ရေးအငြင်းပွားမှုသည်လျော့ပါးသွားဖွယ်မရှိကြောင်းအဆိုပါအင်စတီ ကျူကပြောကြားခဲ့သည်။

အမေရိကန်ဦးဆောင်သောပိတ်ဆို့တားဆီးမှုနှင့်နည်းပညာများအပေါ်စောင့်ကြည့်ခြင်းစနစ်သည်ယင်းလုပ်ငန်း အတွက်ပြည်ပမှတင်သွင်းရသောထုတ်ကုန်များနှင့်နည်းပညာများအပေါ်မှီခိုနေရခြင်းကြောင့်တရုတ်ချစ်ပ်ပြားထုတ်လုပ်သည့်ကဏ္ဍကိုပြင်းထန်စွာသက်ရောက်မှုရှိလိမ့်မည်ဖြစ်ကြောင်းအစီရင်ခံစာကဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required