တရုတ်အစိုးရသည် ဝီဂါမွတ်စလင်များကိုဖိနှိပ်နေသည်ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံသား၇၄ရာခိုင်နှုန်းခန့်က ယူဆ

တရုတ်အစိုးရသည် ဝီဂါမွတ်စလင်များကိုဖိနှိပ်နေသည်ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံသား၇၄ရာခိုင်နှုန်းခန့်က ယူဆ

ဘင်္ဂလားဒေ့ရှ်နိုင်ငံသား၇၄ရာခိုင်နှုန်းခန့်ကတရုတ်အစိုးရသည်ဝီဂါမွတ်စလင်များကိုဖိနှိပ်နေသည်ဟု ယူဆနေကြပြီး ၂၄ရာခိုင်နှုန်းက ဘာသာရေးကြောင့်နှိပ်စက်ညှဉ်းပန်းခံနေရသည်ဟု ယူဆနေကြောင်း စစ်တမ်းတစ်ခုကဖော်ပြလိုက်သည်။

ယင်းစစ်တမ်းကို ဒါကာတက္ကသိုလ်၏လူမျိုးတုံးသတ်ဖြတ်မှုများအပေါ် လေ့လာရေး စင်တာမှ ယခုလတွင် ထုတ်ပြန်ခဲ့သည်။

ဘင်္ဂလားဒေ့ရှ်တွင်'တရုတ်၏အမျိုးသားရေးပုံရိပ်' ခေါင်းစဉ်ဖြင့်စစ်တမ်းတစ်ခုတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၅၂၀ဝ၏ထင်မြင်ယူဆချက်များကို စစ်တမ်းကောက်ယူခဲ့သည်။

သံတမန်ဆက်ဆံရေး၏ရှုထောင့်အမျိုးမျိုးကိုဆန်းစစ်သည့်ဘင်္ဂလားဒေ့ရှ်-တရုတ်ဆက်ဆံရေးနှင့်ပတ်သက်သည့် တရုတ်အစိုးရ၏အပြုသဘောမဆောင်သောပုံရိပ်သည်စစ်တမ်းတွင်ထွက်ပေါ်လာခဲ့သည်။

ခရိုင်၃၂ခု၊တိုင်းအဆင့်မြို့ကြီး၈မြို့နှင့်မြို့ကြီး၁၂မြို့မှလူများအားစစ်တမ်းကောက်ယူခဲ့သည်။၎င်းတို့အနက်၆၆ရာခိုင်နှုန်းမှာအမျိုးသားများဖြစ်ကြပြီး၃၄ရာခိုင်နှုန်းမှာအမျိုးသမီးများဖြစ်သည်။

စစ်တမ်းအချက်အလက်များအရ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၂၁ရာခိုင်နှုန်းသည် ဝီဂါမွတ်စလင်များအကြောင်း မသိကြပေ။

အနောက်နိုင်ငံများ၏ သတင်းမှားဝါဒဖြန့်ချိမှုဟု၂ရာခိုင်နှုန်းကပဲယူဆကြပြီး ၁၅ရာခိုင်နှုန်းက ယင်းသည် တရုတ်ပြည်တွင်းရေးကိစ္စဖြစ်ကြောင်းယူဆကြသည်။စည်းလုံးညီညွတ်သည့်လူ့အဖွဲ့အစည်းကိုတရုတ်တွင်ဖန်တီးနေကြောင်းလူ၁၀ရာခိုင်နှုန်းကယူဆကြသည်။

ဘင်္ဂလားဒေ့ရှ်ဆိုင်ရာတရုတ်သံအမတ်ကြီးလီကျီမင်းကတရုတ်အစိုးရကမည်သည့်လူမျိုး၊ဘာသာကိုမှ မျက်နှာသာမပေးခြင်းကြောင့်အနောက်မီဒီယာများကဝီဂါမွတ်စလင်များအကြောင်းမမှန်မကန်ဝါဒဖြန့်နေကြောင်းဆိုသည်။

တရုတ်နိုင်ငံ၊ရှင်ကျန်းပြည်နယ်တွင်ဝီဂါလူမျိုး၁ဒသမ၂သန်းနေထိုင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required