ရှီကျင့်ဖျင်၏ ထိပ်တန်းလက်ထောက်များ တရုတ်ကွန်မြူနစ်ပါတီပေါ်လစ်ဗျူရိုအမြဲတမ်းကော်မတီတွင် ပါဝင်လာသော်လည်းထိပ်တန်းပါတီစာရင်းတွင် အမျိုးသမီးများ မပါရှိ

ရှီကျင့်ဖျင်၏ ထိပ်တန်းလက်ထောက်များ တရုတ်ကွန်မြူနစ်ပါတီပေါ်လစ်ဗျူရိုအမြဲတမ်းကော်မတီတွင် ပါဝင်လာသော်လည်းထိပ်တန်းပါတီစာရင်းတွင် အမျိုးသမီးများ မပါရှိ

ရှီကျင့်ဖျင်၏ထိပ်တန်းလက်ထောက်များကိုတရုတ်ကွန်မြူနစ်ပါတီပေါ်လစ်ဗျူရိုအမြဲတမ်းကော်မတီတွင် ရာထူးတိုးပေးခဲ့ပြီး နိုင်ငံပိုင်မီဒီယာကထုတ်ပြန်သည့် စာရင်းအရ နှစ်ပေါင်းများစွာရှိနေပြီဖြစ်သော်လည်း ပထမဆုံးအကြိမ်အဖြစ်အမျိုးသမီးတစ်ဦးမှထိပ်တန်းခေါင်းဆောင်နေရာကိုမရရှိခဲ့ပေ။

သမ္မတရှီသည်နိုင်ငံ၏ထိပ်တန်းခေါင်းဆောင်အဖြစ်သမိုင်းဝင်တတိယမြောက်သက်တမ်းကိုရယူခဲ့ပြီးပေကျင်းမြို့ရှိ ပြည်သူ့ဂရိတ်ဟောခန်းမဆောင်တွင်အောက်တိုဘာ၂၃ရက်ကပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲသို့ ပါတီ၏ ဗဟိုခေါင်းဆောင်မှုအသစ်အဖွဲ့ကို ကိုယ်စားပြုပြီးရှီကတက်ရောက်ခဲ့သည်။

အောက်တိုဘာ၂၃ရက်ကကျင်းပသည့်တရုတ်ကွန်မြူနစ်ပါတီ၂၀ကြိမ်မြောက်ဗဟိုကော်မတီ၏ပထမအကြိမ်ကော်မတီမျက်နှာစုံညီအစည်းအဝေးတွင်ရှီကျင့်ဖျင်သည်ပါတီအထွေထွေအတွင်းရေးမှူးအဖြစ် ရွေးကောက်တင်မြှောက်ခံရကြောင်း ဆင်ဟွာသတင်းတွင်ဖော်ပြထားသည်။

ရှီကသဘာပတိအဖြစ်ဆောင်ရွက်သည့်အစည်းအဝေးကိုအကြိမ်၂၀မြောက်ကွန်မြူနစ်ပါတီဗဟိုကော်မတီဝင်၂၀၃ဦးနှင့်အခြားအဖွဲ့ဝင်၁၆၈ဦးတက်ရောက်ခဲ့သည်။

အစည်းအဝေးတွင်ရှီသည်CPC ဗဟိုစစ်ကော်မရှင်ဥက္ကဋ္ဌအဖြစ်လည်းခန့်အပ်ခံရသည်။

လီချန်၊ကျောက်လဲ့ကျီ၊ဝမ်ဟူနန်း၊ချိုက်ချိ၊တင်းရှဲရှန်နှင့်လိရှီတို့သည်CPC ဗဟိုကော်မတီ၏ နိုင်ငံရေးဗျူရိုအမြဲတမ်းကော်မတီအဖွဲ့ဝင်များအဖြစ်ရွေးချယ်ခံခဲ့ရသည်။

လူသစ် ၄ဦးအပါအဝင်ပေါ်လစ်ဗျူရိုအမြဲတမ်းကော်မတီဝင်အားလုံးသည်ရှီ၏သစ္စာခံများဖြစ်ကြကြောင်းThe Strait Times ကဖော်ပြခဲ့သည်။

ရာထူးတိုးမည်ဟုသတင်းထွက်ပေါ်နေသောဒု-ဝန်ကြီးချုပ်ဟူချွန်းဟွာသည် အံ့အားသင့်ဖွယ်ချန်လှပ်ခံခဲ့ရကြောင်း သတင်းတွင်ဖော်ပြထားသည်။

ရှန်ဟိုင်းပါတီအကြီးအကဲလီချန်သည်ဝန်ကြီးချုပ်ဖြစ်လာရန်လျာထားခံထားရသည်။

CCP ၏ပေါ်လစ်ဗျူရိုအသစ်တွင်ဆယ်စုနှစ်၂ခုကျော်အတွင်းပထမဆုံးအကြိမ်အမျိုးသမီးအဖွဲ့ဝင်များမပါရှိခဲ့ပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly