ကမ္ဘာတစ်ဝန်းလုံးနှင့် ပိုမိုချိတ်ဆက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရုတ်သမ္မတရှီကျင့်ဖျင် ပြောကြား

ကမ္ဘာတစ်ဝန်းလုံးနှင့် ပိုမိုချိတ်ဆက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရုတ်သမ္မတရှီကျင့်ဖျင် ပြောကြား

တရုတ်ကွန်မြူနစ်ပါတီခေါင်းဆောင်အဖြစ်သမိုင်းဝင်တတိယအကြိမ်သက်တမ်းရယူနိုင်ခဲ့ချိန်တွင်ကမ္ဘာတစ်ဝန်း လုံးနှင့် ပိုမိုချိတ်ဆက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရုတ်သမ္မတရှီကျင့်ဖျင်က အောက်တိုဘာ၂၃တွင် ပြောကြားလိုက်သည်။

"အရည်အသွေးမြင့်ဖွံ့ဖြိုးတိုးတက်မှုကိုရရှိအောင်ဆောင်ရွက်ရင်းပြုပြင်ပြောင်းလဲရေးကိုတစိုက်မတ်မတ် ဆောင်ရွက်ကာ ကမ္ဘာတစ်ဝန်းနဲ့ပိုမိုချိတ်ဆက်ဆောင်ရွက်သွားပါမယ် " ဟုရှီက ပြည်သူ့ခန်းမဆောင်တွင်ပြုလုပ်သည့် အစည်းအဝေးအတွင်း ပြောကြားချက်ကို ကိုးကား၍ ဆင်ဟွာကဖော်ပြခဲ့သည်။

ကမ္ဘာနှင့်အဆက်အသွယ်ဖြတ်၍တရုတ်ကဖွံ့ဖြိုးတိုးတက်အောင်မလုပ်ဆောင်နိုင်သလိုကမ္ဘာကြီးက ဖွံ့ဖြိုးတိုးတက်မှုအတွက်တရုတ်ကို လိုအပ်ကြောင်း ရှီကပြောကြားခဲ့သည်။ “နှစ်ပေါင်း၄၀ကျော်မဆုတ်မနစ်ပြုပြင်ပြောင်းလဲရေးနဲ့တံခါးဖွင့်လိုက်ပြီးမှာသာလျင်မြန်တဲ့စီးပွားရေးတိုးတက်မှုနဲ့ရေရှည်လူမှုရေးတည်ငြိမ်မှုဆိုတဲ့အံ့ဖွယ်၂ရပ်ကိုတရုတ်ကဖန်တီးနိုင်ခဲ့ပါတယ်”ဟု၎င်းကပြောကြားခဲ့သည်။

တရုတ်စီးပွားရေးသည်ခံနိုင်ရည်ရှိပြီး အလားအလာကောင်းရှိကြောင်း ရှီကပြောကြားခဲ့သည်။ "ခိုင်မာတဲ့အခြေခံအချက်တွေက ပြောင်းလဲသွားမှာမဟုတ်သလို ရေရှည်မှာ အပြုသဘောဆောင်တဲ့ လမ်းကြောင်းပေါ်မှာရှိနေပါလိမ့်မယ်။"

ထိပ်တန်းခေါင်းဆောင်အဖြစ်တတိယမြောက်သက်တမ်းကိုရယူပြီးနောက်ရှီကျင့်ဖျင်သည် တရုတ်ကွန်မြူနစ်ပါတီကိုမော်စီတုံးစတင်တည်ထောင်ပြီးနောက်ပိုင်း သြဇာအကြီးဆုံး ခေါင်းဆောင်များထဲမှ တစ်ဦးဖြစ်လာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly