ကြွေးမြီမြင့်တက်လာသည့် ကင်ညာ၏ ပိုင်ဆိုင်မှုများကို တရုတ်က သိမ်းယူနိုင်

ကြွေးမြီမြင့်တက်လာသည့် ကင်ညာ၏ ပိုင်ဆိုင်မှုများကို တရုတ်က သိမ်းယူနိုင်

တရုတ်ချေးငွေများ များပြားလာမှုကြောင့်ကင်ညာကအကြွေးပြန်မဆပ်နိုင်သည့်အခြေအနေအထိ ဖြစ်ပေါ်နိုင်ပြီး အကြွေးမဆပ်ပါက ပိုင်ဆိုင်မှုများကို တရုတ်ကသိမ်းယူနိုင်သည်။

၂၀၁၄ခုနှစ်ကတည်းက အခြေခံအဆောက်အအုံစီမံကိန်းများဖြစ်သည့် လမ်းများ၊သန့်ရှင်းသော စွမ်းအင်သုံးဓာတ် အားပေးစက်ရုံများနှင့် ယင်း၏အကြီးဆုံးစီမံကိန်းဖြစ်သည့် နိုင်ငံတကာစံနှုန်းအတိုင်း တည်ဆောက်သည့် မီးရထားလမ်းပိုင်း(SGR) ကဲ့သို့ အခြေခံအဆောက်အအုံစီမံကိန်းများအတွက် ကင်ညာ ကချေးငွေအမြောက်အမြားရယူခဲ့သည်။

ကင်ညာ၏နိုင်ငံခြားကြွေးမြီသည်၂၀၂၂ခုနှစ်ဇွန်လတွင်အမေရိကန်ဒေါ်လာ၃၆ဒသမ၄ဘီလီယံအထိရှိကြောင်း ကင်ညာဗဟိုဘဏ်၏အချက်အလက်များက ဖော်ပြထားကြောင်းFinancial Post ကဆိုသည်။

ကင်ညာ၏၂၀၂၁-၂၂ခုနှစ်ပြင်ပကြွေးမြီသုံးပုံတစ်ပုံခန့်သည် တရုတ်မှဖြစ်ပြီး တရုတ်သည် ကမ္ဘာ့ဘဏ်ပြီးနောက် အကြီးဆုံးနိုင်ငံခြားမြီရှင်နိုင်ငံဖြစ်သည်။

ကင်ညာသည်အဆိုပါကာလအတွင်းတရုတ်ကြွေးမြီအတွက်စုစုပေါင်းရှီလင်၁၁၇ဒသမ၇ဘီလီယံသုံးစွဲခဲ့ပြီးယင်းတို့အနက်ရှီလင်၂၄ဒသမ၇ဘီလီယံခန့်သည်အတိုးပေးရခြင်းဖြစ်ကာရှီလင်၉၃ဘီလီယံခန့်သည် အကြွေးပြန်ဆပ်ခြင်း ဖြစ်ကြောင်း ဘတ်ဂျက်မှတ်တမ်းများတွင်ဖော်ပြထားသည်။

ကင်ညာဘဏ္ဍာရေးစီမံကိန်းများသည်တရုတ်ပို့ကုန်သွင်းကုန်ဘဏ်သို့အကြွေးပြန်ဆပ်မှုသည်လာမည့်ဘဏ္ဍာနှစ်တွင်ဒေါ်လာသန်း၈၀ဝအထိရှိလာမည်ဖြစ်ပြီး၂၀၂၂ခုနှစ်အတွက်ပြင်ဆင်သတ်မှတ်ထားသည့်ဒေါ်လာ ၃၅၁ဒသမ၇သန်းမှ၁၂၆ဒသမ၆၁ရာခိုင်နှုန်းမှတိုးလာခြင်းဖြစ်သည်ဟုFinancial Post မှဖော်ပြခဲ့သည်။

ဖွံ့ဖြိုးဆဲအာဖရိက-အာရှနိုင်ငံများကိုကြွေးမြီ ထောင်ချောက်ထဲသို့တွန်းပို့နေသည်ဟူသော စွပ်စွဲချက်ကို တရုတ်ကမကြာခဏငြင်းဆိုနေသော်လည်းကင်ညာသည်အကြွေးဆပ်ရန်ပျက်ကွက်သောနိုင်ငံစာရင်းဝင်လာသည့်နိုင်ငံအသစ်ဖြစ်သည်။

ထို့ပြင်၊တရုတ်ဘဏ်များသည်ချေးငွေပျက်ကွက်မှုအတွက်ဇွန်လကုန်တွင်ကင်ညာရှီလင်၁ဒသမ၃၁၂ဘီလီယံ (အမေရိကန်ဒေါ်လာ၁၀ဒသမ၈သန်း) ဒဏ်ရိုက်ခဲ့သည်။

ကင်ညာတွင်နိုင်ငံတကာစံနှုန်းအတိုင်းတည်ဆောက်သည့်မီးရထားလမ်းပိုင်း(SGR)အတွက်ချေးငွေဆပ်ရန်ပျက်ကွက်မှုဖြင့်ဇွန်လတွင်ကုန်သွားသည့်ဘဏ္ဍာနှစ်အတွက်တရုတ်ဘဏ်များကကင်ညာအစိုးရကိုကင်ညာရှီလင်၁ဒသမ၃၁၂ဘီလီယံဒဏ်ရိုက်ခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly