ကိုဗစ်ဖြစ်ပွားမှုများပြားလာသဖြင့် တရုတ်မြို့ကြီးများတွင် ကန့်သတ်ချက်များ တင်းကျပ်

ကိုဗစ်ဖြစ်ပွားမှုများပြားလာသဖြင့် တရုတ်မြို့ကြီးများတွင် ကန့်သတ်ချက်များ တင်းကျပ်

တရုတ်နိုင်ငံတွင် ကြီးမားကျယ်ပြန်လာသော ရောဂါဖြစ်ပွားမှုကို ဟန့်တားရန် အလယ်ပိုင်းဝူဟန်မှစ၍ အနောက်မြောက်ပိုင်း ရှီနင်းမြို့အထိ မြို့ကြီးများစွာတွင် ကိုဗစ်-၁၉ ကန့်သတ်ချက်များ ထပ်တိုးချမှတ်ခြင်း၊ အဆောက်အအုံများကို ပိတ်ခြင်းနှင့် ခရိုင်ဒေသများကို အသွားအလာပိတ်ဆို့ခြင်းများ ပြုလုပ်လျက်ရှိသည်။

တရုတ်တွင် အောက်တိုဘာ ၂၇ ရက်၌ နိုင်ငံတစ်ဝန်း ကိုဗစ်အတည်ပြုလူနာ ၁ ၀၀၀ ကျော် ၃ ရက်ဆက်တိုက် တွေ့ရှိခဲ့ကာ ယခုနှစ်အစောပိုင်းက ရှန်ဟိုင်းတစ်မြို့လုံးကို အသွားအလာပိတ်ဆို့စေခဲ့သည့် တစ်ရက်အတွင်း ထောင်ပေါင်းများစွာကူးစက်မှုနှင့်နှိုင်းယှဉ်လျှင် တော်သင့်ရုံမျှဖြစ်သော်လည်း နိုင်ငံအဝှမ်း ကန့်သတ်ချက်များ ပိုမိုချမှတ်ရမည့်အနေအထားဖြစ်သည်။

တစ်ကျော့ပြန်ကိုဗစ်ကူးစက်မှုသည် စတုတ္ထမြောက် ရက်သတ္တပတ်အတွင်းသို့ ရောက်ရှိလာကာ နယ်ပယ် သစ်များတွင် ကူးစက်မှုအန္တရာယ်မြင့်လာသည်ဟု ယူဆရသောကြောင့် စီးပွားရေးထွက်ကုန်အရ တရုတ်၏ စတုတ္ထအကြီးဆုံးမြို့ ကွမ်တုန်းပြည်နယ်မြို့တော် ကွမ်ကျိုးတွင် အောက်တိုဘာ ၂၇ ရက်က လမ်းနှင့် ရပ်ကွက် များကို ထပ်မံပိတ်ဆို့ခဲ့ကာ ပြည်သူများအား အိမ်ထဲတွင် နေခိုင်းခဲ့သည်။

ကမ္ဘာ့ပထမဆုံး ကိုဗစ်-၁၉ ကူးစက်ရာနေရာဖြစ်သော ဝူဟန်တွင် ယခုသီတင်းပတ်အတွင်း၌ တစ်ရက်တာကူးစက်မှု ၂၀ မှ ၂၅ ဦးအထိ ရှိသည်။ သို့သော် ဒေသအာဏာပိုင်များသည် ခရိုင်တစ်ခုအတွင်းမှ လူပေါင်း ၈၀၀ ၀၀၀ ကျော်ကို အောက်တိုဘာ၃၀ ရက်မတိုင်မီထိ အိမ်၌သာနေရန် ညွှန်ကြားခဲ့သည်။

ကိုဗစ်ကူးစက်ခံရသူတစ်ဦးသည် ဝက်သားရောင်းဝယ်မှုနှင့်ဆက်စပ်မှုရှိကြောင်း အာဏာပိုင်များက ပြောကြားပြီးနောက် လူမှုမီဒီယာပေါ်မှ ဓာတ်ပုံများနှင့်ပို့စ်များအရ ဝူဟန်မြို့တွင် ဝက်သားရောင်းချမှုကို ဆိုင်းငံ့ထားသည်။

ကျန်ကျိုး၊ ဒါတောင်နှင့်ရှိအန်အပါအဝင် တရုတ်နိုင်ငံတစ်ဝန်းရှိ တခြားမြို့ကြီးများတွင်လည်း ဒေသတွင်း ရောဂါဖြစ်ပွားမှုကို ထိန်းချုပ်ရန် ယခုသီတင်းပတ်တွင် ကိုဗစ်ကန့်သတ်မှုများ ထပ်မံလုပ်ဆောင်ခဲ့သည်။

ပေကျင်း၌ Universal Resort အပုန်းဖြေဥယျာဉ်သို့လာရောက်လည်ပတ်သူ တစ်ဦးထက်မနည်းတွင် ကိုဗစ် ကူးစက်မှုတွေ့ရှိပြီးနောက် အောက်တိုဘာ ၂၆ ရက်တွင် အဆိုပါ ဥယျာဉ်ကိုပိတ်ထားလိုက်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required