ဂျာမနီရှိ ဟမ်းဘတ်ဆိပ်ကမ်းတွင် တရုတ်၏ရင်းနှီးမြှုပ်နှံမှုကို လျှော့ချရန် နှစ်နိုင်ငံ သဘောတူ

ဂျာမနီရှိ ဟမ်းဘတ်ဆိပ်ကမ်းတွင် တရုတ်၏ရင်းနှီးမြှုပ်နှံမှုကို လျှော့ချရန် နှစ်နိုင်ငံ သဘောတူ

တရုတ်သည် နိုင်ငံရေးနည်းပရိယာယ်ကို အမျိုးသားလုံခြုံရေးအန္တရာယ်အဖြစ် ကမ္ဘာ့နိုင်ငံများက ရှုမြင် နေချိန်တွင် တရုတ်နှင့် ဂျာမနီနှစ်နိုင်ငံစလုံး၏ အစိုးရဝန်ကြီးဌာနများက အငြင်းပွားဖွယ် ဟမ်းဘတ်ဆိပ်ကမ်း သဘောတူညီချက်အရ တရုတ်ရေကြောင်းပို့ဆောင်ရေးကုမ္ပဏီ COSCO ကို ယခင်ဆုံးဖြတ်ထားသည်ထက် ပိုနည်းသော ရင်းနှီးမြှုပ်နှံမှုထည့်ဝင်ရန် ခွင့်ပြုလိုက်သည်ဟု အမေရိကန် အခြေစိုက် Politico သတင်းဝက်ဘ် ဆိုက်တွင် ဖော်ပြထားသည်။ အဆိုပါ သဘောတူညီချက်အရ တရုတ်ကုမ္ပဏီသည် အငြင်းပွားဖွယ် ဟမ်းဘတ်ဆိပ်ကမ်းရှိ ဂိတ်တစ်ခုတွင် ရင်းနှီးမြှုပ်နှံခွင့်ရထားသည်ဟု ဆိုသည်။

ဝန်ကြီးဌာနများစွာက စိုးရိမ်မှုများရှိနေသော်လည်း ဂျာမနီဝန်ကြီးချုပ် အိုးလက်ဖ်ရှော့ဇ် အစိုးရအဖွဲ့သည် သဘောတူညီချက်ကို တွန်းအားပေးရန် ကြိုးစားခဲ့ကြောင်း မီဒီယာအများအပြားက ဖော်ပြခဲ့ပြီးနောက် ယခုကဲ့သို့ ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

နောက်ဆုံးအတည်ပြုချက်အရ တရုတ်သည် ဆိပ်ကမ်းများဖွင့်ထားသော ရေကြောင်းပို့ဆောင်ရေးကုမ္ပဏီ၏ ရှယ်ယာ ၃၅ ရာခိုင်နှုန်းအစား ၂၄ ဒသမ၉ ရာခိုင်နှုန်းသာဝယ်ရန် ခွင့်ပြုချက်ရခဲ့ကြောင်း Politico ကဖော်ပြသည်။

ကမ္ဘာ့အင်အားကြီးနိုင်ငံဖြစ်လာရန် တရုတ်၏ကြိုးပမ်းမှုမှာ အနောက်နိုင်ငံများအကြား လုံခြုံရေးအတွက် စိုးရိမ်စရာဖြစ်လာစဉ်မှာ ယူကရိန်းကို ရုရှားကျူးကျော်ဝင်ရောက်မှုသည် နိုင်ငံရေးအရ အရေးကြီးသော ပြဿနာတစ်ရပ်ဖြစ်လာသည်။

ပို့ဆောင်ရေးကုမ္ပဏီ HHLA ၏ ပြောရေးဆိုခွင့်ရှိသူ ဟန်းဂျော့ဟမ်းက “ကျွန်တော့်ကုမ္ပဏီက ဂျာမနီအစိုးရနဲ့ အပြုသဘောဆောင်တဲ့ဆွေးနွေးမှုတွေ လုပ်ဆောင်ပြီးပါပြီ။ Coscoရဲ့ ရှယ်ယာကို လျှော့ချမယ့် ဖြစ်နိုင်ခြေကို လည်း ဆွေးနွေးပြီးပါပြီ။ ကျွန်တော်တို့က မျှော်မှန်းကြည့်ပြီးပါပြီ။ ဒါပေမယ့် CSPL (Cosco) ကုမ္ပဏီပေါ်လည်း မူတည်ပါသေးတယ်။ ရင်းနှီးမြှုပ်နှံမှုတွေ သုံးသပ်ဖို့ နောက်ဆုံးရက်မတိုင်မီ သဘော တူညီချက်ရနိုင်မယ်လို့ ထင်ပါတယ်” ဟု ဆိုသည်။ တရုတ်ကုမ္ပဏီ Coscoသည် ရော့တာဒမ်နှင့်အန့်တွာ့ရှိ ဥရောပ၏ အကြီးဆုံးဆိပ်ကမ်း ၂ ခုတွင်လည်း

ရှယ်ယာများ ထည့်ဝင်ထားသည်။အေသင်မြို့ရှိ ပရေးယပ်စ်ဆိပ်ကမ်းကိုလည်း ထိန်းချုပ်ထားသလို ဒူးစ်ဘာ့တွင် ကုန်းတွင်းပိုင်းရထားဂိတ်တစ်ခုကို တိုးချဲ့မည့်အစီအစဉ်များလည်း အဆင်သင့်ဖြစ်နေပြီဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly