လက်စတာကွင်းလယ်လူ ကန်တီ ဒဏ်ရာကြောင့် ပွဲစဉ်နှစ်ပွဲလွဲမည်

လက်စတာကွင်းလယ်လူ ကန်တီ ဒဏ်ရာကြောင့် ပွဲစဉ်နှစ်ပွဲလွဲမည်

မတ် ၁၊ လက်စတာ ။           ။ လက်စတာကွင်းလယ်လူ ကန်တီသည် ဒူးကောက်ကြောဒဏ်ရာကြောင့် ပရီးမီးယားလိဂ်ဦးဆောင်သူ လက်စတာအသင်း၏ လာမည့်ပွဲစဉ် နှစ်ပွဲကို လွဲမည်ဖြစ်သည်။

နောရစ်ချ်ကို စနေနေ့တွင် ၁-၀ ဖြင့်အနိုင်ရခဲ့သည့်ပွဲ၌ ဒဏ်ရရခဲ့သည့် ကန်တီသည် အင်္ဂါနေ့ ဝက်စ်ဘရွန်းနှင့် အိမ်ကွင်းပွဲအပြင် စနေနေ့ ဝက်ဖို့ဒ်ကွင်း၌ ကစားရမည့်ပွဲကိုလည်း လွဲချော်မည်ဖြစ်သည်။

ယခုနှစ်နွေရာသီတွင် လက်စတာအသင်းသို့ ပြောင်းလာသည့် အသက် ၂၄ နှစ်အရွယ်ကွင်းလယ်ကစားသမားသည် အသင်းအတွက် ပရီးမီးယားလိဂ်ပွဲတိုင်း ဝင်ရောက်ကစားထားသူဖြစ်သည်။

အဓိကကွင်းလယ်ကစားသမားဖြစ်သူ ကန်တီဒဏ်ရာရနေချိန်တွင် အန်ဒီကင်းက အကောင်းဆုံးအစားထိုးကစားပေးနိုင်လိမ့်မည်ဟု ယုံကြည် ကြောင်း နည်းပြ ရေနီယာရီက ပြောသည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly