ပါကစ္စတန်၏ နျူကလီးယားလက်နက်များနှင့်ပတ်သက်ပြီး ကမ္ဘာ့အင်အားကြီးနိုင်ငံများ စိုးရိမ်လျက်ရှိ

ပါကစ္စတန်၏ နျူကလီးယားလက်နက်များနှင့်ပတ်သက်ပြီး ကမ္ဘာ့အင်အားကြီးနိုင်ငံများ စိုးရိမ်လျက်ရှိ

ပါကစ္စတန်သည် ကမ္ဘာပေါ်တွင် အန္တရာယ် အရှိဆုံး နိုင်ငံ ဖြစ်နိုင်ကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က မှတ်ချက်ပေး ပြောဆိုခဲ့ပြီးနောက် ပါကစ္စတန်၏ နျူကလီးယား လုပ်နိုင်စွမ်းများသည် အများအာရုံစိုက်ရာ အခြေအနေတစ်ခု ဖြစ်လာသလို ကမ္ဘာ့အင်အားကြီးနိုင်ငံများအတွက် စိုးရိမ်ပူပန်စရာ ဖြစ်လာစေခဲ့သည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် ကယ်လီဖိုးနီးယား ပြည်နယ် လော့စ် အိန်ဂျလိစ်တွင် ပြုလုပ်သည့် ဒီမိုကရက်တစ်ပါတီ ကွန်ဂရက်လွှတ်တော်ဆိုင်ရာ မဲဆွယ်ကော်မတီ အခမ်းအနားတစ်ခုတွင် မိန့်ခွန်းပြောကြားစဉ် တရုတ်နှင့် ရုရှားတို့ကို ဝေဖန်ပြောဆိုခဲ့သည်။

“ကိုယ် ဘာလိုချင်သလဲ ဆိုတာကို သိပေမယ့် ကြီးမားတဲ့ ပြဿနာတွေ ရှိနေတဲ့ ပုဂ္ဂိုလ်တစ်ယောက် (ရှီကျင့်ဖျင်) ရှိနေတယ်။ အဲဒါကို ကျွန်တော်တို့ ဘယ်လို ကိုင်တွယ်ကြမလဲ။ ဒါ့အပြင် ရုရှားမှာ ဖြစ်နေတာတွေနဲ့ပတ်သက်လို့ရော ကျွန်တော်တို့ ဘယ်လို ကိုင်တွယ်ကြမလဲ။ နောက်ပြီး ကျွန်တော် မြင်တာကတော့ ပါကစ္စတန်ကလည်း ကမ္ဘာပေါ်မှာ အန္တရာယ်အရှိဆုံး နိုင်ငံတစ်နိုင်ငံ ဖြစ်နိုင်ပါတယ်။ အဲဒီ နိုင်ငံမှာ စည်းလုံးညီညွတ်မှု မရှိဘဲ နျူကလီးယား လက်နက်တွေ ရှိနေတယ်” ဟု ဘိုင်ဒင်က ပြောသည်။

ပါကစ္စတန် အစိုးရ၊ တာလီဘန်၊ ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်ရှိ အုပ်စုအဖွဲ့များနှင့် ပါကစ္စတန်နိုင်ငံတွင်းရှိ အခြား ဂျီဟတ်အဖွဲ့များသည် အကြမ်းဖက်သမားများလက်ထဲ နျူကလီးယား လက်နက်များ ရောက်ရှိသွားနိုင်သည့် အခြေအနေနှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်မှုကို ဖြစ်ပေါ်စေကြောင်း Global Strat View မီဒီယာက ဖော်ပြသည်။

ပါကစ္စတန်သည် တာလီဘန်တို့ကို တိတ်တဆိတ် ထောက်ခံအားပေးသည်။ ပါကစ္စတန်၏ နျူကလီးယား အစီအစဉ်က အကြမ်းဖက်အဖွဲ့များ ခိုးယူသွားနိုင်သည့် ခြိမ်းခြောက်မှုအန္တရာယ်တစ်ခုအဖြစ် ဆက်ရှိနေသည်ဟု နိုင်ငံတကာက ယုံကြည်လျက် ရှိသည်။ ယမန်နှစ် ဩဂုတ်လက အာဖဂန်မြေမှ အမေရိကန်တပ်ဖွဲ့များ ထွက်ခွာ သွားပြီးနောက် ရုတ်ခြည်းဆိုသလို အာဖဂန်နစ္စတန်သည် တာလီဘန်အဖွဲ့၏ လက်အောက် ကျရောက်သွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required