ပါကစ္စတန်စစ်တပ်က နိုင်ငံတကာကုမ္ပဏီများ၏ အထောက်အပံ့ဖြင့် ဘာလို့ချ် လူမျိုးတုန်းသတ်မှုကို အရှိန်မြင့်နေဟု တက်ကြွလှုပ်ရှားသူများ ပြော

ပါကစ္စတန်စစ်တပ်က နိုင်ငံတကာကုမ္ပဏီများ၏ အထောက်အပံ့ဖြင့် ဘာလို့ချ် လူမျိုးတုန်းသတ်မှုကို အရှိန်မြင့်နေဟု တက်ကြွလှုပ်ရှားသူများ ပြော

ပါကစ္စတန်နိုင်ငံ ဘာလိုချီစတန်ပြည်နယ်ရှိ ကနေဒါကုမ္ပဏီ Barrick Gold ၏ ရင်းနှီးမြှုပ်နှံမှုက အနောက်အုပ်စု၏ “လိုတစ်မျိုး၊ မလိုတစ်မျိုး စံနှုန်း” တစ်ခုပင် ဖြစ်ကြောင်း ဘာလို့ချ် မျိုးနွယ်စုဝင် တက်ကြွလှုပ်ရှားသူများက ပြောဆိုလိုက်ပြီး အဆိုပါရင်းနှီးမြှုပ်နှံမှုကို ပြည်နယ်ရှိ တရုတ်၏ ခေါင်းပုံဖြတ်အမြတ်ထုတ်သည့် စီမံကိန်းများနှင့် နှိုင်းယှဉ်သွားခဲ့သည်။

ထို့ပြင် ဘာလို့ချ်ပြည်သူများ၏ လွတ်လပ်ခွင့်များ ပိတ်ပင်ခံထားရခြင်းနှင့် လူ့အခွင့်အရေး ချိုးဖောက်ခံနေရခြင်းတို့ကို ထောက်ရှုပြီး ဘာလိုချီစတန်တွင် ရင်းနှီးမြှုပ်နှံခြင်းမှ ရှောင်ကြဉ်ရန် ကနေဒါကုမ္ပဏီကို ၎င်းတို့က တိုက်တွန်းသည်။

ပါကစ္စတန် စစ်တပ်သည် ဘာလို့ချ်မျိုးနွယ်စုဝင်များအား လူမျိုးတုန်း သတ်ဖြတ်မှုကို တိုးမြှင့်လုပ်ဆောင်ရန် ကနေဒါကုမ္ပဏီ Barrick Gold ကဲ့သို့ နိုင်ငံတကာ ကုမ္ပဏီများထံမှ ဘဏ္ဍာရေး အထောက်အပံ့များကို အသုံးချနေသည်ဟု တက်ကြွလှုပ်ရှားသူများက စွပ်စွဲသည်။

“ကနေဒါကုမ္ပဏီ Barrick Gold က Reko Dik စီမံကိန်းမှာ ပါဝင်ပတ်သက်နေတာကို မိမိတို့ ထပ်တလဲလဲ ဆန့်ကျင် ကန့်ကွက်ခဲ့ပါတယ်။ ပါကစ္စတန် အာဏာပိုင်တွေကို ဘယ်လို အကူအညီမျိုးမှ မပေးဖို့ မိမိတို့

တောင်းဆိုထားတယ်။ ပါကစ္စတန်ဟာ ဘာလို့ချ်တွေကို ဆန့်ကျင်နှိမ်နင်းဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းကနေ ရတဲ့ အကူအညီတွေကို အသုံးချနေတယ်” ဟု ဘာလို့ချ် အမျိုးသား လှုပ်ရှားမှု (BNM) အဖွဲ့၏ အထွေထွေ အတွင်းရေးမှူး ဒီလ် မူရတ် ဘာလို့ချ်က ပြောသည်။

လက်ရှိအချိန်အထိ ကနေဒါ ကုမ္ပဏီက စီမန်ကိန်းမှ ထွက်ခွာမှု မရှိသေးခြင်းက စိုးရိမ်ပူပန်စရာ ဖြစ်ကြောင်း ၎င်းက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required