အမေရိကန်နှင့်ဆက်ဆံရေးတင်းမာလာချိန်တွင် တရုတ်စစ်ဘက်ဆိုင်ရာထိပ်တန်းပုဂ္ဂိုလ်များက အမြင့်ဆုံး တပ်လှန့်ထားပြီး စစ်ပွဲအတွက်ပြင်ဆင်သွားမည်ဟု ကတိပြု

အမေရိကန်နှင့်ဆက်ဆံရေးတင်းမာလာချိန်တွင် တရုတ်စစ်ဘက်ဆိုင်ရာထိပ်တန်းပုဂ္ဂိုလ်များက အမြင့်ဆုံး တပ်လှန့်ထားပြီး စစ်ပွဲအတွက်ပြင်ဆင်သွားမည်ဟု ကတိပြု

အမေရိကန်နှင့်စစ်ရေးအရ ထိပ်တိုက်ရင်ဆိုင်မှုများ တိုးမြင့်လာနေချိန်တွင် တရုတ်စစ်ဘက်ဆိုင်ရာ ထိပ်တန်း ပုဂ္ဂိုလ်များကအမြင့်ဆုံးတပ်လှန်ထားပြီး စစ်ပွဲအတွက်ပြင်ဆင်သွားမည်ဟု သံန္နိဌာန်ချလိုက်သည်။

ပေကျင်းမြို့တွင်ကျင်းပသည့်ခေါင်းဆောင်မှုဝါစဉ်ကိုဖွဲ့တည်နေသည့် ကွန်မြူနစ်ပါတီညီလာခံ၏ ပူးတွဲကျင်းပသည့် ဆွေးနွေးပွဲများတွင် ယင်းကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။

ကာကွယ်ရေးဝန်ကြီးဗိုလ်ချုပ်ကြီးဝေဖန်းဟော်ကတရုတ်က“ပြင်းထန်လေးနက်သောအမျိုးသားလုံခြုံရေးဆိုင်ရာအခြေအနေများ”နှင့် ရင်ဆိုင်နေရပြီး တရုတ်သမ္မတရှီကျင့်ဖျင်၏ ညွှန်ကြားချက်များကို လိုက်နာရန် စစ်တပ်အတွက် အရေးကြီးကြောင်း ပြောကြားခဲ့သည်။

"စစ်တပ်ကိုခိုင်မာအားကောင်းစေပြီးအောင်နိုင်မှုစွမ်းရည်ကိုမြှင့်တင်ခြင်း" အတွက် ရှီ၏အတွေးအမြင်ကို စစ်တပ်ကအကောင်အထည်ဖော်ရမည်ဟုဝေကပြောကြားခဲ့ကြောင်းအစိုးရပိုင်ဆင်ဟွာသတင်းဌာနက အောက်တိုဘာ၁၉ရက်က ဖော်ပြခဲ့သည်။

"စစ်တပ်သည်သတိဝီရိယအစဉ်အမြဲရှိနေပြီးစစ်ပွဲအတွက်အမြဲပြင်ဆင်ကာနိုင်ငံ၏အချုပ်အခြာအာဏာ၊လုံခြုံရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး အကျိုးစီးပွားများကို ပြတ်ပြတ်သားသား ကာကွယ်ရန် လိုအပ်သည်"

ဗဟိုစစ်ကော်မရှင်၏ပူးတွဲစစ်ရေးဌာနအကြီးအကဲလီကျိုချန်ကစစ်တပ်သည်တိုက်ခိုက်ရေးနှင့်စစ်လက်နက်ပစ္စည်းများပိုမိုအသင့်ဖြစ်ရေးအပါအဝင်နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကိုပံ့ပိုးကူညီရန်လိုအပ်ကြောင်းပြောကြားခဲ့သည်။

အောက်တိုဘာ၂၆ရက်ကညီလာခံတွင်မိန့်ခွန်းပြောကြားစဉ်ရှီကတရုတ်စစ်တပ်သည်တပ်ဖွဲ့ဝင်များ လေ့ကျင့်မှုနှင့် ကမ္ဘာ့အဆင့်မီစစ်တပ်ဖြစ်လာရေးအတွက်မဟာဗျူဟာသစ်များဖြင့်လျင်မြန်စွာလှုပ်ရှားနိုင်ရန်လိုအပ်ကြောင်း ပြောကြားမှုအပြီးတွင် ယင်းသံန္နိဌာန်ကို ချမှတ်ခဲ့ကြခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required