ကိုဗစ်ကြောင့် ထိခိုက်ခဲ့ရသည့် တရုတ်စီးပွားရေးက လုပ်ငန်းများနှင့်စားသုံးသူများကို ဆိုးရွားသည့် သက်ရောက်မှုဖြစ်

ကိုဗစ်ကြောင့် ထိခိုက်ခဲ့ရသည့် တရုတ်စီးပွားရေးက လုပ်ငန်းများနှင့်စားသုံးသူများကို ဆိုးရွားသည့် သက်ရောက်မှုဖြစ်

တရုတ်တွင်ကိုရိုနာဗိုင်းရပ်ပိတ်ဆို့ကန့်သတ်မှုများ အနှံ့အပြားပြုလုပ်နေခြင်းကြောင့် စီးပွားရေးလုပ်ငန်းများနှင့် စားသုံးသူများကိုထိခိုက်စေသဖြင့် တရုတ်စီးပွားရေးအညွှန်းကိန်းများသည် အားရစရာမရှိပေ။

ကမ္ဘာ့ဒုတိယအကြီးဆုံးစီးပွားရေးဖြစ်သည့်တရုတ်၏စုစုပေါင်းပြည်တွင်းထုတ်လုပ်မှုတန်ဖိုး(GDP) သည်ယခင်၃လပတ်မှဇွန်လကုန်အထိ၃လတာကာလအတွင်း၂ဒသမ၆ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်းGeo-politik မှဖော်ပြခဲ့သည်။

အဓိကဘဏ္ဍာရေးနှင့်ကုန်ထုတ်လုပ်မှုအချက်အချာဖြစ်သည့်ရှန်ဟိုင်းအပါအဝင်တရုတ်တစ်ဝန်းရှိအဓိကမြို့ကြီး များကိုယခုကာလအတွင်းအလုံးစုံသို့မဟုတ်တစ်စိတ်တစ်ပိုင်းပိတ်ဆို့ကန့်သတ်မှုများပြုလုပ်ထားသည်။

ယင်းကုန်ထုတ်လုပ်မှုနှင့် သယ်ယူပို့ဆောင်ရေးဆိုင်ရာ အချက်အချာကျသော နေရာများတွင် လူပေါင်း၁၂၇သန်း နေထိုင်ကြသည်။

ဧပြီလတွင် ရှန်ဟိုင်းမြို့တွင် မော်တော်ကားတစ်စီးမျှ မရောင်းချခဲ့ရကြောင်းWashington Post သတင်းတစ်ပုဒ်ကဖော်ပြခဲ့သည်။ရှန်ဟိုင်း၏စီးပွားရေးသည်ဇွန်လတွင်ကုန်ဆုံးသည့် ၃လပတ်အတွင်း ၁၃ဒသမ၇ရာခိုင်နှုန်း ကျဆင်းသွားခဲ့သည်။

ရှန်ဟိုင်းမြို့ပိတ်ဆို့ကန့်သတ်မှုကြာရှည်ပြင်းထန်ခြင်းကြောင့်ကမ္ဘာလုံးဆိုင်ရာကုန်ပစ္စည်းထုတ်လုပ်ဖြန့်ချိရေးလုပ်ငန်းစဉ်များကိုထိခိုက်စေခဲ့ပြီးအစာပြတ်လပ်မှုနှင့်တစ်ဖက်သတ်ပြုလုပ်သည့်သီးသန့်ခွဲထားမှုအစီအမံများကြောင့် ပြည်သူများက ရှားရှားပါးပါး ဆန့်ကျင်ကန့်ကွက်ခဲ့ကြသည်ဟု Geo-politik ကဖော်ပြခဲ့သည်။

အာဏာပိုင်များကသုံးစွဲမှုကိုစီးပွားရေးတိုးတက်မှု၏တွန်းအားတစ်ခုအဖြစ်အားယူရန်ကြိုးပမ်းခဲ့သော်လည်း တစ်ဦးချင်းစီ၏ သုံးစွဲမှုမှာကျဆင်းနေသည်။

ရှားရှားပါးပါးပြောင်းလဲမှုတစ်ရပ်အနေဖြင့် တရုတ်ဗဟိုဘဏ်ကဝယ်လိုအား ပြန်လည် ကောင်းမွန် လာစေရန် သြဂုတ်၁၅ရက်က ချေးငွေအတိုးနှုန်းကို လျှော့ချခဲ့သည်။

တိုးတက်မှုရပ်တန့်သွားပြီး၊လူငယ်အလုပ်လက်မဲ့စံချိန်တင်မြင့်မားလာကာအိမ်ရာဈေးကွက်မငြိမ်သက်မှုနှင့် ကုမ္ပဏီများသည် ကုန်ပစ္စည်းထုတ်လုပ်ဖြန့်ချိရေးလုပ်ငန်းစဉ် အခက်အခဲများနှင့်ရင်ဆိုင်နေရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required