တရုတ်သမ္မတရှီကျင့်ဖျင်က အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးခေါင်းစဉ်ဖြင့်ပြိုင်ဘက်များကို ဖိနှိပ်

တရုတ်သမ္မတရှီကျင့်ဖျင်က အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးခေါင်းစဉ်ဖြင့်ပြိုင်ဘက်များကို ဖိနှိပ်

တရုတ်သမ္မတရှီကျင့်ဖျင်က အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးခေါင်းစဉ်ဖြင့် ၎င်း၏ပြိုင်ဘက်များကို ချေမှုန်းခဲ့ပြီး ပုဂ္ဂိုလ်ရေးကိုးကွယ်မှုကို ဗဟိုပြုသည့် ပါတီဝါစဉ်စနစ်ကိုသတ်မှတ်ထားကြောင်းမီဒီယာများက ဖော်ပြသည်။

ပြိုင်ဘက်ကင်းခေါင်းဆောင်ဖြစ်ရေးလုပ်ဆောင်ခဲ့သည့် ရှီ၏အနေအထားကို ပေါ်လစ်ဗျူရိုအဖွဲ့ဝင်ဟောင်း ဘိုရှီလိုင်းသည်အတက်ကြွဆုံးစိန်ခေါ်ခဲ့သူဖြစ်ခဲ့သော်လည်း၎င်းကိုယ်တိုင်ပုဂ္ဂိုလ်ရေးကိုးကွယ်မှုကိုဖန်တီးပြီးလမ်းချော်သွားခဲ့သည်။

ဘိုရှီလိုင်း၏ ပုဂ္ဂိုလ်ရေးကိုးကွယ်မှု နိုင်ငံရေးဆောင်ရွက်ချက်ကို ပါတီဝင်အချို့က စိတ်ပျက်ခဲ့သည်။

တရုတ်သမ္မတရှီကျင့်ဖျင်ကလုံးဝကွဲပြားသောချဉ်းကပ်မှုကိုခံယူခဲ့သည်။ရှီကျင့်ဖျင်ကသူ၏ပုဂ္ဂိုလ်ရေးကိုးကွယ်မှု နိုင်ငံရေးကိုထင်ရှားအောင်မပြခဲ့ပေ။ ၎င်းသည်သတိကြီးသည့်ပညာရှင်တစ်ဦးအဖြစ်လူသိများကြောင်း အီတလီမီဒီယာdifesaအွန်လိုင်းသတင်းတွင် ဖော်ပြခဲ့သည်။

ရှီကသမ္မတအဖြစ်တာဝန်ယူစဉ်ကခက်ခဲသောပြည်တွင်းရေးအခြေအနေများကိုစိုးရိမ်ခဲ့သည်။တရုတ်ကြွယ်ဝချမ်းသာလာမှုကပါတီတွင်းတွင်သြဇာကြီးမားသောအဖွဲ့ခွဲများစွာကိုကွဲသွားစေခဲ့ပြီးအကျင့်ပျက်ခြစားမှုပုံစံမျိုးစုံကိုဖြစ်ပေါ်စေခဲ့သည်။

ယခုအခါ ရှီကျင့်ဖျင်သည်စ ည်းလုံးညီညွတ်မှုကိုပြန်လည်ရရှိရန်နှင့်အားနည်းသော ခေါင်းဆောင်တစ်ဦးမဟုတ် ကြောင်းဖော်ပြရန် အကျင့်ပျက်ကေဒါများကိုနှိမ်နင်းခဲ့သည်။

ယင်းသည် ရှီကျင့်ဖျင်ကကျမ်းသစ္စာ ကျိန်ဆိုချိန်နှင့်လာမည့်နှစ်အနည်းငယ်အတွင်းလုပ်ဆောင်ရန် ကတိပြုထား သည့်အချက်များဖြစ်သည်။

အစပိုင်းတွင်ယင်းကိစ္စရပ်အားလုံးကိုပြီးမြောက်အောင်ဆောင်ရွက်ရာတွင်ရန်သူအသစ်များဖန်တီးခဲ့သော်လည်း နောက်ပိုင်းတွင်အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးအောင်မြင်မှုကို အသုံးချကာပြိုင်ဘက်များကို ချေမှုန်းခဲ့သည်။

ထို့နောက်၎င်းကပုဂ္ဂိုလ်ရေးကိုးကွယ်မှုကို ဗဟိုပြုသည့်ပါတီဆက်ခံမှုစနစ်ကိုတဖြည်းဖြည်း ချမှတ်ခဲ့သည်။

ရှီကျင့်ဖျင်၏အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးလှုပ်ရှားမှုသည်လွန်ခဲ့သည့်ဆယ်စုနှစ်အတွင်းလူငါးသန်းနီးပါးကို

စုံစမ်းစစ်ဆေးခဲ့ကြောင်းအာဏာရကွန်မြူနစ်ပါတီ၏အကြီးတန်းအဂတိလိုက်စားမှုတိုက်ဖျက်ရေးအရာရှိကပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly