တရုတ်က ရေနံများ ဈေးပေါပေါနှင့်ဝယ်ယူရန် ဒဏ်ခတ်ပိတ်ဆို့ခံထားရသော ရုရှား၏အားနည်းချက်ကို အသုံးချ

တရုတ်က ရေနံများ ဈေးပေါပေါနှင့်ဝယ်ယူရန် ဒဏ်ခတ်ပိတ်ဆို့ခံထားရသော ရုရှား၏အားနည်းချက်ကို အသုံးချ

ယူကရိန်းကို ကျူးကျော်သောရုရှားကို အနောက်နိုင်ငံမှ အစိုးရအများအပြားက စီးပွားရေး ဒဏ်ခတ် ပိတ်ဆို့ပြီးနောက် ရုရှားသည် ရေနံများကို လျှော့ဈေးဖြင့် ရောင်းချနေသည်ကို တရုတ်က ဝယ်ယူလျက်ရှိသည်။

ပြည်ပအစိုးရတချို့နှင့် ကုမ္ပဏီများက အရေးယူပိတ်ဆို့လိုက်သည့်အခါ ရုရှားထံမှ ဝယ်ယူသူ နည်းပါး သွားခဲ့သည်။ ရုရှားသည် ထိုအခြေအနေကို ကျော်လွှားရန် ရေနံများကို လျှော့ဈေး နှင့်ရောင်းမည်ဟု နိုင်ငံများကို ကမ်းလှမ်းခဲ့ရာ တရုတ်ကလည်း တက်ကြွစွာဖြင့် အခွင့်အရေးကို အရယူခဲ့သည်။

တရုတ်သည် ယူကရိန်းစစ်ပွဲမဖြစ်ပွားမီကပင် ရုရှားရေနံကို အများဆုံးဝယ်ယူသည့် နိုင်ငံများတွင် ပါဝင်ခဲ့ပြီး ယူကရိန်းစစ်ပွဲစတင်သည့်အခါ ဝယ်ယူမှုမှာ ပိုမိုတိုးလာခဲ့သည်။

တရုတ်က ဈေးသက်သာသောနှုန်းဖြင့် ရနိုင်သော မည်သည့်နေရာမှမဆို ရေနံစိမ်းများ ဝယ်ယူရမည်ဟုဆိုကာ ရုရှားထံမှ ရေနံဝယ်ယူမှုကို ကာကွယ်ပြောဆိုခဲ့သည်။

တရုတ်သည် အရှေ့အလယ်ပိုင်း၊ အန်ဂိုလာနှင့် ဘရာဇီးတို့မှလည်း ရေနံများ ဆက်ဝယ်နေသော်လည်း ရုရှားသည် ဇူလိုင်လတွင် တရုတ်၏ ၃ လ ဆက်တိုက် ရေနံအများဆုံးဝယ်သည့် နိုင်ငံအဖြစ် ရပ်တည်ခဲ့သည်။

တရုတ်သည် မတ်လမှ မေလအထိ ရေနံစည်ပေါင်း ၁၄ ဒသမ ၅ သန်းကို ဝယ်ယူခဲ့ပြီး လွန်ခဲ့သောနှစ် အလားတူကာလထက် ၃ ဆ မြင့်တက်ခဲ့သည်။

လက်ရှိအခြေအနေအရ ရုရှားနှင့် တရုတ်နိုင်ငံအကြား သံတမန်ဆက်ဆံရေးသည် တစ်နေ့တခြား ပိုမိုအားကောင်းလာကာ ရုရှားသည် တရုတ်နိုင်ငံအပေါ် လုံးဝမှီခိုနေရပြီဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly