တရုတ်၏ ရေပိုင်နက် ၉ နေရာသတ်မှတ်ချက်က စီးပွားရေးအကျိုးစီးပွားအန္တရာယ်ရှိသည်ဟုဆိုကာ အင်ဒိုနီးရှားက ဆွေးနွေးမှုများကို ငြင်းဆို

တရုတ်၏ ရေပိုင်နက် ၉ နေရာသတ်မှတ်ချက်က စီးပွားရေးအကျိုးစီးပွားအန္တရာယ်ရှိသည်ဟုဆိုကာ အင်ဒိုနီးရှားက ဆွေးနွေးမှုများကို ငြင်းဆို

အရှေ့ပင်လယ်တွင် ရေပိုင်နက် ပို်ငဆိုင်မှုသည် ဗီယက်နမ်ကို ပြောကြားထားသည့် အတိုင်းပင်ဖြစ်ကြောင်း တရုတ်အစိုးရ၏ ထုတ်ပြန်ချက်ကို အင်ဒိုနီးရှားအစိုးရက ဝေဖန်ပြစ်တင်ကာ ဆွေးနွေးရန်ဖိတ်ခေါ်မှုကို လည်း ငြင်းပယ်လိုက်သသလို တရုတ်၏ ပင်လယ်ရေပိုင်နက် ၉ နေရာသတ်မှတ်ချက် သည် အင်ဒိုနီးရှား၏ စီးပွားရေးအကျိုးစီးပွားများကို ခြိမ်းခြောက်နေသည်ဟု ပြောဆိုလိုက်သည်။

တောင်တရုတ်ပင်လယ်တွင် တရုတ်နှင့်အင်ဒိုနီးရှားအကြား ပိုင်နက်အငြင်းပွားမှုမရှိသော်လည်း တောင်တရုတ်ပင်လယ် အချို့နေရာများတွင် ပင်လယ်ရေပိုင်နက် အခွင့်အရေးနှင့်အကျိုးစီးပွားများဆိုင်ရာ

တောင်းဆိုထားမှုများ ထပ်တူကျနေသည်ဟု ကုလသမဂ္ဂဆိုင်ရာ တရုတ်အမြဲတမ်းသံတမန်အဖွဲ့၏ ပေးစာတွင် ဖော်ပြထားသည်။

"အင်ဒိုနီးရှားနဲ့ ညှိနှိုင်းဆွေးနွေးပြီး ထပ်တူကျနေတဲ့ တောင်းဆိုမှုတွေကို ဖြေရှင်းဖို့နဲ့ တောင်တရုတ်ပင်လယ်မှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ထိန်းသိမ်းဖို့ အင်ဒိုနီးရှားနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ တရုတ်က ဆန္ဒရှိပါတယ်" ဟု အဆိုပါစာတွင် ဖော်ပြထားသည်။

တရုတ်အစိုးရက ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ထံ ဇွန်လ ၂ ရက်က ပေးပို့သော စာ၌ အင်ဒိုနီးရှားနှင့် နယ်မြေပိုင်နက် အငြင်းပွားမှု မရှိကြောင်းနှင့် အရှေ့ပင်လယ်အချို့နေရာများတွင် ပင်လယ်ရေပိုင်နက်အခွင့်အရေးဆိုင်ရာ ထပ်တူကျနေသော တောင်းဆိုမှုများရှိသည်ဟု ရေးသားထားကြာင်း Vietnam Times ကဖော်ပြသည်။

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရန်တိုမာဆူဒီက အင်ဒိုနီးရှား၏ စီးပွားရေးအကျိုးစီးပွားများကို တရုတ်၏ တစ်ဖက်သတ် သတ်မှတ်ထားသော ပင်လယ်ရေနက် ၉ နေရာသတ်မှတ်ချက်က ခြိမ်းခြောက်နေသည်ဟု အစောပိုင်းက ပြောကြားခဲ့သည်။

တရုတ်သည် အရှေ့တရုတ်နှင့် တောင်တရုတ်ပင်လယ်တို့ရှိ နိုင်ငံများ၏ ရေပိုက်နက်များကို ကျူးကျော်လေ့ရှိပြီး ရုရှား၏ထောက်ခံမှုများရယူကာ ဒေသတွင်း စစ်ရေးလှုပ်ရှားမှုသံသယများကို မြင့်တက်စေခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။

အိန္ဒိယ၊ ဂျပန်၊ တောင်ကိုရီးယားနှင့် စင်္ကာပူအပါအဝင် နိုင်ငံအများအပြားသည် တရုတ်နိုင်ငံ၏ ရန်စမှုများ တိုးလာနေသဖြင့် စစ်ရေးအသုံးစရိတ်ကို တိုးမြှင့်လျက်ရှိသည်။

အရှေ့နှင့် တောင်တရုတ်ပင်လယ်ဒေသရှိ နိုင်ငံများသည် ကင်းလှည့်ခြင်းနှင့် ကာကွယ်ရေးပြင်ဆင်မှု တိုးမြှင့်ရန် ကြိုးပမ်းနေသလို အမေရိကန်ကလည်း ဒေသတွင်း လွတ်လပ်ပြီး ချောမွေ့စွာ လှုပ်ရှားသွားလာနိုင်စေရန်နှင့် တရုတ်စစ်တပ်ကို ထိန်းချုပ်ကိုင်နိုင်စေရန် လုပ်ဆောင်လျက်ရှိသည်ဟု Vietnam Times တွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly