ရှီကျင့်ဖျင် သမိုင်းဝင် တတိယသက်တမ်းရယူပြီးနောက် အမေရိကန်တွင် တရုတ်စီးပွားရေး လုပ်ငန်းရှယ်ယာများ ကျဆင်း

ရှီကျင့်ဖျင် သမိုင်းဝင် တတိယသက်တမ်းရယူပြီးနောက် အမေရိကန်တွင် တရုတ်စီးပွားရေး လုပ်ငန်းရှယ်ယာများ ကျဆင်း

တရုတ်နည်းပညာကုမ္ပဏီကြီး Alibaba နှင့် Baidu တို့သည် နယူးယော့ခ်တွင် ရှယ်ယာ ၁၂ ရာခိုင်နှုန်းကျော် ကျဆင်းသွားသည်။

တရုတ်၏ တင်းကျပ် သော ကိုရိုနာဗိုင်းရပ်စ်ကန့်သတ်ချက်များက တရုတ်စီးပွားရေးအား ကန့်သတ်မှု ဖြစ်စေ မည်ကို ရင်းနှီးမြုပ်နှံသူများက စိုးရိမ်လျက်ရှိသည်။

တရုတ်သည် စီးပွားရေးမြှင့်တင်မည့်စီမံချက်များနှင့် ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒများ အကြားတွင် လွန်ဆွဲလျက်ရှိသည်ဟု လေ့လာသုံးသပ်သူတစ်ဦးက ပြောသည်။

နည်းပညာကုမ္ပဏီကြီး Alibaba ၏ ရှယ်ယာများသည် အောက်တိုဘာ ၂၄ ရက်အစောပိုင်းတွင် ၅၂ ပတ်အတွင်း အနိမ့်ဆုံးသို့ရောက်ရှိပြီးနောက် နယူးယောက်စတော့အိတ်ချိန်းတွင် ၁၂ ဒသမ ၅ ရာခိုင်နှုန်းထိ ကျဆင်းသွား ခဲ့သည်။ အင်တာနက်ကုမ္ပဏီ Baidu သည် ၁၂ ဒသမ ၆ ရာခိုင်နှုန်း ဆုံးရှုံးခဲ့သလို အွန်လိုင်းစီးပွားရေးကုမ္ပဏီ Pinduoduo မှာလည်း ၂၅ ရာခိုင်နှုန်း နီးပါးကျဆင်းခဲ့သည်။

တရုတ်အာဏာရကွန်မြူနစ်ပါတီ၏ ၅ နှစ်တစ်ကြိမ်ကျင်းပသည့် ပါတီညီလာခံကို အောက်တိုဘာ ၂၃ ရက်က ပိတ်ပွဲအခမ်းအနားကျင်းပပြိးနောက် ရှယ်ယာကျဆင်းသွားခြင်းဖြစ်သည်။

ရှီသည် သမိုင်းဝင်တတိယမြောက်သက်တမ်းရယူခဲ့သည့် တစ်ပတ်ကြာကျင်းပသော ပါတီညီလာခံတွင် ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံမှုနှေးကွေးစေသည့် တင်းကျပ်သော စည်းမျဉ်းများကို ဖြေလျှော့မည့်အချိန်ကို မပြောကြားခဲ့ပေ။

အောက်တိုဘာ ၂၄ ရက်က တရားဝင်ထုတ်ပြန်သောကိန်းဂဏန်းများအရ တရုတ်စီးပွားရေးသည် ဇူလိုင်နှင့်စက်တင်ဘာလကြားတွင်မျှော်လင့်ထားသည်ထက် ပိုမိုကောင်းမွန်သောနှုန်းဖြင့် တိုးတက်ခဲ့ သည်ကိုပြသသော်လည်း ဆက်လက်ဖြစ်ပွားနေသော ကိုဗစ်-၁၉ ကူးစက်မှုများနှင့် အိမ်ခြံမြေကဏ္ဍ အားနည်းချက်တို့ကြောင့် စားသုံးသူအင်အားနည်းနေဆဲဖြစ်ကာ အကျပ်အတည်းလက္ခဏာများရှိနေသေးကြောင်း ငွေကြေးဝန်ဆောင်မှုကုမ္ပဏီ HSBC မှ တရုတ် စီးပွားရေးပညာရှင် အဲရစ်ရှင်းက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required