မန်ချက်စတာယူနိုက်တက်တို့ နောက်ဆုံးမှာတော့ ပုံစံကောင်းပြန်လည်ရရှိလာပြီလို့ မန်ချက်စတာစီးတီးနည်းပြ ပက်ဂွာဒီယိုလာ ပြော

မန်ချက်စတာယူနိုက်တက်တို့ နောက်ဆုံးမှာတော့ ပုံစံကောင်းပြန်လည်ရရှိလာပြီလို့ မန်ချက်စတာစီးတီးနည်းပြ ပက်ဂွာဒီယိုလာ ပြော

မန်ချက်စတာစီးတီးနည်းပြ ပက်ဂွာဒီယိုလာက မန်ချက်စတာယူနိုက်တက်ဟာ ဇယားထိပ်မှာ ပြိုင်ဆိုင်ဖို့ သူတို့ပြန်လည်ရောက်ရှိနေပြီလို့ ပြောဆိုလိုက်ပါတယ်။

ယူနိုက်တက်ဟာ ၂၀၁၃ နောက်ပိုင်း ပရီးမီးယားလိဂ်ဖလားကို မဆွတ်ခူးနိုင်ခဲ့ဘဲ ၂၀၁၇  မှာ ဆုဖလား နောက်ဆုံးရရှိခဲ့ပါတယ်။

ဒါပေမယ့် စီးတီးကို ၆-၃ နဲ့ ရှုံးပြီးနောက်ပိုင်း ၇ ပွဲဆက် ရှုံးပွဲမရှိခဲ့ဘဲ နည်းပြ အဲရစ်တန်ဟက်ဂ်ရဲ့ လက်အောက်မှာ အပြုသဘောဆောင်တဲ့ အပြောင်းအလဲတွေကို မြင်တယ်လို့ ဂွာဒီယိုလာက ပြောပါတယ်။

“ယူနိုက်တက်တို့ ပြန်လာနေပြီဆိုတဲ့ ခံစားမှုမျိုး ကျနော် ရနေပါတယ်။"လို့ ဂွာဒီယိုလာက ပြောပါတယ်။

“နောက်ဆုံးတော့ ယူနိုက်တက်တို့ ပြန်လာပါပြီ- ကြာသပတေးနေ့က [ ရှရစ်] ကို ၃-၀ နဲ့ အနိုင်ရတဲ့ပွဲ၊ ပြီးတော့ ပြီးခဲ့တဲ့ အပတ်က ၁-၁ သရေကျခဲ့တဲ့ ချယ်လ်ဆီးနဲ့ ပထမပိုင်း ကစားပုံကိုပါ ကျနော် ဒါကို မြင်တွေ့ခဲ့ပါတယ်။ ”

"ယူနိုက်တက်ကို အခုလို မြင်တွေ့နေရတာကို သဘောကျတယ်လို့ ကျနော် ပြောပါတယ်။ ယူနိုက်တက်လို တိုက်ပွဲဝင်နေတဲ့အသင်းတွေ အများကြီးရှိမှာပါ။ ဒါကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်အတွက်ရော ဆုဖလားအတွက်ပါ တိုက်ပွဲဝင်ရမှာပါ။"

ဂွာဒီယိုလာက ဒီရာသီမှာ နယူးကာဆယ်ကို ချန်ပီယံဆုနဲ့ ထိပ်ဆုံးလေးနေရာအတွက် စိန်ခေါ်ဖို့ ရောထွေးနေတယ်လို့လည်း မြင်တယ်လို့ ပြောပါတယ်။

"နယူးကာဆယ်က ထိပ်ဆုံးလေးနေရာကို ရောက်နေပါပြီ"လို့ စီးတီးအသင်းကို သုံးကြိမ်ဆက် ပရီးမီးယားလိဂ်ဖလားကို ရယူပေးလိုတဲ့ ဂွာဒီယိုလာက ထပ်လောင်းပြောကြားခဲ့ပါတယ်။

“သူတို့ တော့တင်ဟမ်နဲ့ ကစားတဲ့ပွဲကို ကျနော်ကြည့်ခဲ့တယ်။ ဗဟိုနောက်ခံလူတွေဟာ ကိန်းနဲ့ ဆွန်တို့နဲ့ ပတ်သတ်ပြီး တစ်ယောက်ချင်း ရင်ဆိုင်ဖို့ ပြဿနာလုံးဝမရှိခဲ့ပါဘူး။

“ကျနော်တို့ ရာသီရဲ့ တတိယမြောက်ပွဲမှာ သူတို့ကို ကစားခဲ့ပါတယ်။ ဒီအသင်းက တစ်ပတ်မှာ တစ်ပွဲ ကစားတယ်လို့ မြင်ယောင်ကြည့်ပါလား။ မန်နေဂျာ အက်ဒီ ဘယ်လောက်ကောင်းတယ်ဆိုတာ ကျနော်တို့ သိပါတယ်။

"သူတို့မှာ ကစားသမားသစ်တွေ ရှိတယ်။ သတ္တိရှိရှိ ကစားတယ်။ သူတို့က ထိပ်ဆုံးလေးနေရာမှာရှိဖို့ ပြိုင်ဖက်ပါ။"

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly