ရှီကျင့်ဖျင်ကြောင့် တရုတ်တွင် ရန်လိုသော အာဏာရှင်စနစ် ပေါ်ထွန်းလာနိုင်

ရှီကျင့်ဖျင်ကြောင့် တရုတ်တွင် ရန်လိုသော အာဏာရှင်စနစ် ပေါ်ထွန်းလာနိုင်

တရုတ် သမ္မတရှီကျင့်ဖျင်က  ရန်လိုသောအာဏာရှင်စနစ်သို့ပြန်သွားခြင်းဖြင့် နိုင်ငံကို စိတ်တိုင်းကျပုံစံဖြင့်   ဦးဆောင်နေသည်။
 
အစောပိုင်းတွင် တရုတ်ကိုကမ္ဘာ့စီးပွားရေးနှင့်ပေါင်းစည်းခြင်းဖြင့် တရုတ်ကွန်မြူနစ်ပါတီ (CCP) က ရင့်ကျက်လာမည်ဟု အနောက်နိုင်ငံများကမျှော်လင့်ခဲ့ကြသည်။

 သို့သော် ကမ္ဘာကြီးကိုပုံသွင်းရန် တရုတ်၏ နိုင်ငံတကာသြဇာလွှမ်းမိုးမှု၊ဆွဲဆောင်မှုနှင့် အင်အားများက သိသာစွာ မြင့်တက်နေသည်”ဟု ရှီက ကြွားလုံးထုတ်ကာ“ရှေ့လာမည့်အန္တရာယ်ရှိသောမုန်တိုင်းများအကြောင်း သတိပေး နေသည်”ဟု New York Post သတင်းတွင် ဖော်ပြထားသည်။

တရုတ် ကွန်မြူနစ်ပါတီ ညီလာခံ၌  အောက်တိုဘာ၁၆ရက်က ရှီကျင့်ဖျင်အား သမ္မတပြန်ခန့်ခြင်းဖြင့် ရန်လိုသောအာဏာရှင်အုပ်ချုပ်မှုသို့နောက်ဆုံးပြန်လည်ရောက်ရှိလာကြောင်းကိုဖော်ပြနေသည်။

ထို့ပြင်  တရုတ်ကကြွယ်ဝမှုအသစ်နှင့် စစ်တပ်ကိုအသုံးပြုပြီး တောင်တရုတ်ပင်လယ်တစ်လျှောက်နှင့် လွတ်လပ်၊ပွင့်လင်းသော ထိုင်ဝမ်ကိုဖိနှိပ်မည်ဖြစ်ကြောင်းNew York Post သတင်းတွင်ဖော်ပြထားသည်။

ပြည်တွင်းတွင်အဆင့်မြင့်နည်းပညာများဖြင့်ယခင်ကထက်ပိုမိုဆိုးရွားသောဖိနှိပ်မှုများပြုလုပ်လာနိုင်ပြီးလူအဖွဲ့အစည်းကိုပိုမိုထိန်းချုပ်ရန်နှင့်အစွန်းရောက်အမျိုးသားရေးဝါဒီများကိုအားပေးရန်တင်းကျပ်သောစောင့်ကြည့်မှုဖြင့်နိုင်ငံတော်မှ ထိန်းချုပ်ထားသော လူမှုမီဒီယာကိုအသုံးပြုနိုင်သည်။

ရှီသည် လွတ်လပ်သော ခရစ်ယာန်ဘုရားကျောင်းများ၊ဘုရားကျောင်းများနှင့်ဗလီများကို ပိတ်လိုက်သည်။

ပါတီတွင်းအဓိကအတိုက်အခံများကိုဖယ်ရှားလိုက်သည်။နိုင်ငံ၏ငါးပုံတစ်ပုံကိုပိတ်ဆို့ကန့်သတ်ထားပြီးစီးပွားရေးကိုထိခိုက်စေသည့် ၎င်း၏ရူးသွပ်သော "ကိုဗစ်လုံးဝကင်းစင်ရေး" မူဝါဒကိုကန့်ကွက်သူများကို အသံတိတ် စေခဲ့သည်။

ဘဏ်လုပ်ငန်းပိုင်းကိုနိုင်ငံတော်ကချုပ်ကိုင်ထားမှုကြောင့်မဝေးတော့သောအနာဂတ်တွင် ဘဏ္ဍာရေး ဈေးကွက်ကျဆင်းလာနိုင်ပြီး ဟောင်ကောင်၏ လွတ်လပ်မှုနှင့်နည်းပညာကဏ္ဍကို ဖိနှိပ်ခြင်းကစီးပွားရေးမတည်ငြိမ်မှုကိုပိုမိုဖြစ်ပေါ်စေသည်ဟုNew York Post ကဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly