ရေနံနှင့် ဓာတ်မြေဩဇာတင်ပို့မှု များပြားလာခြင်းကြောင့် အိန္ဒိယနှင့် ရုရှားတို့အကြား ကုန်သွယ်မှုပမာဏ စံချိန်တင် မြင့်တက်

By The Indian Expreess
24 October 2022
ရေနံနှင့် ဓာတ်မြေဩဇာတင်ပို့မှု များပြားလာခြင်းကြောင့် အိန္ဒိယနှင့် ရုရှားတို့အကြား ကုန်သွယ်မှုပမာဏ စံချိန်တင် မြင့်တက်

ရေနံနှင့် ဓာတ်မြေဩဇာတင်သွင်းမှု များပြားလာခြင်းကြောင့် အိန္ဒိယ၏ ရုရှားနှင့် ကုန်သွယ်မှု ပမာဏသည် ၂၀၂၂-၂၃ ဘဏ္ဍာနှစ်၏ ဧပြီမှ ဩဂုတ်အထိ ၅ လအတွင်း အမြင့်ဆုံးစံချိန်အဖြစ် ဒေါ်လာ ၁၈၂၂၉ ဒသမ ၀၃ သန်းသို့ ရောက်ရှိခဲ့ကြောင်း စီးပွားကူးသန်းဌာန၏ နောက်ဆုံးကိန်းဂဏန်းများတွင် ဖော်ပြထားသည်။

နှစ်နိုင်ငံအကြား ၂၀၂၁-၂၂ ဘဏ္ဍာနှစ်၏ နှစ်ပတ်လည် ကုန်သွယ်မှာ စုစုပေါင်းမှာ ဒေါ်လာ ၁၃၁၂၄ဒသမ၆၈ သန်းနှင့် ၂၀၂၀-၂၁ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၈၁၄၁ဒသမ ၂၆ သန်း အသီးသီးရှိခဲ့သည်။ ကိုဗစ်ရောဂါ စတင်ဖြစ်ပွားသည့် ကာလများဖြစ်သည့် ၂၀၁၉-၂၀ ဘဏ္ဍာနှစ်က ဒေါ်လာ ၁၀၁၁၀ဒသမ၆၈ သန်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်က ဒေါ်လာ ၈၂၂၉ဒသမ၉၁ သန်းနှင့် ၂၀၁၇-၁၈ ဘဏ္ဍာနှစ်က ဒေါ်လာ ၁၀၆၈၆ဒသမ၈၅သန်း အသီးသီးရှိခဲ့သည်။

ကုန်သွယ်မှု သိသာစွာ မြင့်တက်လာခြင်းကြောင့် ရုရှားသည် အိန္ဒိယ၏ ကုန်သွယ်ဖက် အဆင့် ယမန်နှစ်တွင် ၂၅ နေရာရှိရာမှ အဆင့် ၇ သို့ ရောက်ရှိလာခဲ့သည်။ 

၂၀၂၂-၂၃ ဘဏ္ဍာနှစ်၏ ပထမ ၅ လအတွင်း အိန္ဒိယနှင့် ကုန်သွယ်မှုပမာဏ အများဆုံး ၆ နိုင်ငံမှာ အမေရိကန် (ဒေါ်လာ ၅၇၆၃၂ဒသမ၃၇ သန်း) ၊ တရုတ် (ဒေါ်လာ ၅၀၇၉၂ဒသမ၈၃သန်း) ၊ ယူအေအီး (ဒေါ်လာ ၃၆၈၂၀ဒသမ၃၃ သန်း)၊ ဆော်ဒီအာရေဗျ ((ဒေါ်လာ ၂၃၉၉၅၆  သန်း) ၊ အီရတ် (ဒေါ်လာ ၁၈၈၂၂ဒသမ၂၇သန်း) နှင့် အင်ဒိုနီးရှား (ဒေါ်လာ ၁၈၈၁၆ဒသမ၅၈ သန်း) တို့ ဖြစ်သည်။ 

ဧပြီမှ ဩဂုတ်အထိ နှစ်နိုင်ငံကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၈၂၂၉ ဒသမ ၀၃ သန်းရှိသည့်အနက် အိန္ဒိယက ရုရှားမှ တင်သွင်းမှုသည် ဒေါ်လာ ၁၇၂၃၆ ဒသမ ၂၉သန်းဖြစ်ပြီး ရုရှားသို့ တင်ပို့မှုမှာ ဒေါ်လာ ၉၉၂ဒသမ ၇၃သန်းဖြစ်သောကြောင့် အိန္ဒိယဘက်မှ ကုန်သွယ်မှု လိုငွေပမာဏမှာ ဒေါ်လာ ၁၆၂၄၃ဒသမ ၅၆ သန်းရှိခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required