တရုတ်သမ္မတ၏ နီပေါခရီးစဉ်က နီပေါ-တရုတ်ဆက်ဆံရေးအတွက် ကြီးမားသော သက်ရောက်မှုမရှိခဲ့

တရုတ်သမ္မတ၏ နီပေါခရီးစဉ်က နီပေါ-တရုတ်ဆက်ဆံရေးအတွက် ကြီးမားသော သက်ရောက်မှုမရှိခဲ့

တရုတ်သမ္မတရှီကျင့်ဖျင်က၂၀၁၉ခုနှစ်တွင် သမိုင်းဝင်ခရီးအဖြစ် နီပေါသို့ လာရောက်လည်ပတ်ခဲ့သည်မှာ ၃နှစ်ကြာ ပြီဖြစ်သော်လည်း အပြောင်းအလဲများစွာမရှိခဲ့ပေ။

ရှီကနီပေါသို့လာရောက်ခဲ့သော်လည်း နှစ်နိုင်ငံဆက်ဆံရေးရှိအတားအဆီးများကို မကျော်လွှားနိုင်ခဲ့ကြောင်း သံတမန်ရေးရာ၊နိုင်ငံတကာဆက်ဆံရေးနှင့်အမျိုးသားနိုင်ငံရေးအကြောင်းသတင်းရေးသားနေသည့် သတင်းထောက်အေနယ်လ်ဂီရိကThe Kathmandu Post တွင် ရေးသားခဲ့သည်။

နီပေါ-တရုတ်ဆက်ဆံရေး၏ “အရေးကြီးသောအဖြစ်အပျက်”ဟုဖော်ပြထားသည့် အချက်၁၄ချက်ပါ ပူးတွဲကြေညာချက်ကို ထုတ်ပြန်ခဲ့ပြီးအချက်၂၀ပါ သဘောတူစာချုပ်များကို အပြန်အလှန်လက်မှတ်ရေးထိုး ခဲ့ကြသည်။
 
ရှီက ကုန်းတွင်းပိတ် နီပေါကို ကုန်းမြေချိတ်ဆက် နိုင်ငံအဖြစ်ပြောင်းလဲမည်ဟု ကတိပြုခဲ့သည်။ သမ္မတဘန်တာရီနှင့်ကိုယ်စားလှယ်အဖွဲ့အဆင့်သီးခြားစီ ဆွေးနွေးမှုအတွင်းရှီကနီပေါသို ့ရူပီး၅၆ဘီလီယံ တန်ဖိုးရှိအကူအညီများကိုပေးမည်ဟုကြေညာခဲ့ကြောင်းဂီရီကပြောကြားခဲ့သည်။

၂နှစ်အတွင်းငွေကြေးထောက်ပံ့ပေးရမည်ဖြစ်သော်လည်းတရုတ်နှင့်နီပေါအကြားညှိနှိုင်းမှုများကဆက်လက်ရှိနေဆဲဖြစ်သည်။

စိတ်ဝင်စားစရာကောင်းသည်မှာပူးတွဲထုတ်ပြန်ချက်တွင်ရှီကကတိပြုထားသည့်ရူပီး၅၆ဘီလီယံကိုမဖော်ပြထား ပေ။

တရုတ်အာဏာပိုင်များကကာကွယ်ဆေးနှင့်အခြားအကူအညီများအပါအဝင်ကိုဗစ်ထောက်ပံ့မှုပုံစံဖြင့် ရူပီး၅၆ဘီလီယံမှအကူအညီအချို့ကို ပေးအပ်ပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု ပေကျင်းအခြေစိုက် နီပေါသံတမန်ပူကာရှရစ်စတာ၏ ပြောကြားချက်ကို ခတ္တမန္ဒူပို့စ်သတင်းတွင်ဖော်ပြထားသည်။

 “သူတို့နဲ့ဆွေးနွေးပြီးတာနဲ့အသေးစိတ်အချက်အလက်တွေကိုလေ့လာသွားမှာပါ”ဟုသံတမန်ကပြောကြားခဲ့သည်။

ထို့ပြင်လွန်ခဲ့သည့်သုံးနှစ်ရှီ၏နီပေါခရီးစဉ်အတွင်းချုပ်ဆိုခဲ့သောသဘောတူညီချက်များကိုဆွေးနွေးရန်နီပေါနှင့် တရုတ်အရာရှိများအကြားလွန်ခဲ့သည့်၃နှစ်အတွင်းတွေ့ဆုံမှုတစ်ကြိမ်မျှမရှိခဲ့ပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly