တရုတ်တွင်ငွေကြေးဖောင်းပွမှုနှုန်း ၂နှစ်အတွင်း အမြင့်ဆုံးသို့ရောက်ရှိ

တရုတ်တွင်ငွေကြေးဖောင်းပွမှုနှုန်း ၂နှစ်အတွင်း အမြင့်ဆုံးသို့ရောက်ရှိ

တရုတ်တွင်ဝက်သားဈေးနှုန်းများမြင့်တက်လာခြင်းနှင့် ပြင်းထန်သောရာသီဥတုက လယ်သမားများကို ထိခိုက်စေမှုကြောင့်စားသုံးသူငွေကြေးဖောင်းပွမှုနှုန်းသည်စက်တင်ဘာလတွင်၂နှစ်အတွင်းအမြင့်ဆုံးသို့ရောက်ရှိခဲ့ကြောင်း တရားဝင်အချက်အလက်များက အောက်တိုဘာ၂၁ရက်တွင်ဖော်ပြလိုက်သည်။

ရုရှားကယူကရိန်းကိုကျူးကျော်ပြီးနောက်အစားအသောက်နှင့်စွမ်းအင်စရိတ်များမြင့်တက်လာသည့်အကျိုးသက်ရောက်မှုကို တရုတ်စားသုံးသူအများအပြားခံစားနေရသည်။

လက်လီငွေကြေးဖောင်းပွမှုအတွက် အဓိကတိုင်းတာသည့် နိုင်ငံ၏စားသုံးသူဈေးနှုန်းအညွှန်းကိန်း (CPI) သည်ဩဂုတ်လတွင်၂ဒသမ၈ရာခိုင်နှုန်းထိရှိလာခဲ့ပြီးစက်တင်ဘာလတွင်၂ဒသမ၅ရာခိုင်နှုန်းမှမြင့်တက်လာခြင်း ဖြစ်ကြောင်း အချက်အလက်များက ဖော်ပြနေသည်။

ယင်းဖော်ပြချက်သည်ကိုဗစ်-၁၉ပထမလှိုင်းပိတ်ဆို့ကန့်သတ်မှုပြုလုပ်ခဲ့သည့် ၂၀၂၀ပြည့်နှစ် ဧပြီလနောက်ပိုင်း အမြင့်ဆုံးဖြစ်ခဲ့သည်ဟု AFP က ဖော်ပြခဲ့သည်။

 ဩဂုတ်လတွင်ဆိုးရွားသောမိုးခေါင်မှုကိုဖြစ်ပေါ်စေခဲ့သည့်စံချိန်တင်အပူချိန်၄၀စင်တီဂရိတ် (၁၀၄ဖာရင်ဟိုက်) ကျော် သီတင်းပတ်များစွာဖြစ်ပေါ်ပြီးနောက် ယခုကဲ့သို့  ဖြစ်ပေါ်လာခြင်းဖြစ်သည်။

"အပူချိန်မြင့်မားတာနဲ့မိုးရွာသွန်းမှုနည်းပါးတာကြောင့်လတ်ဆတ်တဲ့ဟင်းသီးဟင်းရွက်ဈေးနှုန်းတွေက ၆ဒသမ၅ ရာခိုင်နှုန်းမြင့်တက်ခဲ့ပါတယ်" ဟုNBS အကြီးတန်းစာရင်းအင်းပညာရှင် တုန်လီကျွမ်းက ထုတ်ပြန်ချက်တွင်ပြောကြားခဲ့သည်။

NBS ၏အဆိုအရ တရုတ်တွင် လူကြိုက်အများဆုံးအသားဖြစ်သော ဝက်သားဈေးနှုန်းသည် ၃၆ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။ 

အချို့ဝက်သားမွေးမြူတဲ့လူတွေကရောင်းဖို့တွန့်ဆုတ်နေလို့ဈေးနှုန်းတွေဆက်လက်မြင့်တက်ခဲ့ပါတယ်" ဟု တုန်က ပြောကြားခဲ့သည်။

ဈေးနှုန်းများမြင့်တက်လာပြီးငွေကြေးဖောင်းပွမှုဆိုင်ရာစိုးရိမ်မှုများကြောင့်တရုတ်အာဏာပိုင်များသည် မကြာသေးမီရက်သတ္တပတ်များအတွင်း အရန်ဝက်သား ထပ်ခါတလဲလဲထုတ်ရောင်းပေးခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly