ရန်ကုန်-မန္တလေးအမြန်လမ်း တပ်ကုန်းမြို့နယ်အတွင်း Express ယာဉ် တိမ်းမှောက် ၃ဦးသေဆုံး ၁၄ဦး ထိခိုက်ဒဏ်ရာရ

ရန်ကုန်-မန္တလေးအမြန်လမ်း တပ်ကုန်းမြို့နယ်အတွင်း Express ယာဉ် တိမ်းမှောက် ၃ဦးသေဆုံး ၁၄ဦး ထိခိုက်ဒဏ်ရာရ

အောက်တိုဘာ ၂၆

မဇ္ဈိမ။ ။ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်၂၂၈/၂နှင့် ၂၂၈/၃ကြား၊ တပ်ကုန်းမြို့နယ်အတွင်း အောက်တိုဘာ၂၆ရက် နံနက် ၆နာရီ ၃၀မိနစ်ခန့် Express ခရီးသည်တင်ယာဉ် တစ်စီးတိမ်းမှောက်ခဲ့ရာ သုံးဦးသေဆုံးပြီး ၁၄ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ရကြောင်း သိရသည်။

အဆိုပါယာဥ်ပေါ် လိုက်ပါလာသူ ခရီးသည် ၁၇ဦးတွင် အမျိုးသား သုံးဦးသေဆုံးခဲ့ပြီး အမျိုးသား ၁၀ဦးနှင့် အမျိုးသမီး လေးဦးတို့ ထိခိုက်ဒဏ်ရာရရှိသွားခြင်း ဖြစ်သည်။

သေဆုံးသွားသူများနှင့်ထိခိုက်ဒဏ်ရာ ရရှိသူများကို သုခဒါန ပရဟိတအသင်း၊ မေတ္တာရေစင် တောင်ညိုပရဟိတအသင်းတို့မှ နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima

#ခရီးသည်တင်ယာဉ်

#ရန်ကုန်မန္တလေးအမြန်လမ်း

#တပ်ကုန်းမြို့နယ်

#တိမ်းမှောက်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly