တိုက်စစ်မှူးအသစ်ခေါ်ယူပေးရန် ရခိုင်ယူနိုက်တက်နည်းပြ တောင်းဆို

တိုက်စစ်မှူးအသစ်ခေါ်ယူပေးရန် ရခိုင်ယူနိုက်တက်နည်းပြ တောင်းဆို
ရခိုင်ယူနိုက်တက်ကစားသမားများ ဂိုးသွင်းပြီးအောင်ပွဲခံနေစဉ်။ (ဓာတ်ပုံ- ရခိုင်ယူနိုက်တက်)

ဖေဖေါ်ဝါရီ ၂၉၊ ရန်ကုန် ။            ။ ရခိုင်ယူနိုက်တက်အသင်းနည်းပြ ဦးအောင်ဇော်မျိုးက ရာသီဝက်အပြောင်းအရွှေ့ကာလအတွင်း တိုက်စစ်မှူးအသစ်ခေါ်ယူပေးရန် အသင်းဘုတ်အဖွဲ့ထံတောင်းဆို ထားသည်။

ရခိုင်အသင်းသည် ၂၀၁၆ဘောလုံးရာသီအတွက် နိုင်ငံခြားသားတိုက်စစ်မှူးအဖြစ် ဘရာဇီးတိုက်စစ်မှူး အင်ဒရေ၊ မြန်မာတိုက်စစ်မှူးများအဖြစ် ဒွေးကိုကိုချစ်၊ မျိုးဇော်ဦးတို့ကို ခေါ်ယူအားဖြည့် ထားသော်လည်း ဂိုးရရှိရန်အတွင် အင်ဒရေတစ်ဦးတည်းကိုသာ မှီခိုအားထားနေရသည်။

“တိုက်စစ်ပိုင်းကအခုထိအချိတ်အဆက် မရှိသေးဘူး။ ဒွေးကိုကိုချစ်က ခြေစွမ်းအရပွဲထွက်သုံးလို့မရသေးဘူး။ ရာသီဝက်အပြောင်းအရွှေ့ဈေးကွက်မှာ တိုက်စစ်မှူးခေါ်ဖို့အသင်းဘုတ်အဖွဲ့ကို တင်ပြသွား ပါမယ်။ အသင်းကစားပုံက ဒုတိယအကျော့ရောက်ရင် ဒီထက်ပိုကောင်းလာနိုင်ပါတယ်။”ဟု ဦးအောင်ဇော်မျိုးကပြောသည်။

ရခိုင်ယူနိုက်တက်အသင်းမှာ မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်(၈)အပြီးတွင် သွင်းဂိုး ၇ဂိုးသာ ရရှိထားပြီး ဘရာဇီးတိုက်စစ်မှူး အင်ဒရေ တစ်ဦးတည်းက ၅ဂိုးအထိသွင်းယူထားနိုင်သည်။

ရခိုင်ယူနိုက်တက်အသင်းမှာ လက်ရှိအချိန်တွင် ၁ပွဲနိုင်၊ ၃ပွဲရှုံး၊ ၄ပွဲသရေ ရလဒ်ရရှိထားပြီး ရမှတ် ၇မှတ်ဖြင့် အမှတ်ပေးဇယား အဆင့် ၁၀ နေရာမှာ ရပ်တည်နေပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly