တရုတ်က ကုလသမဂ္ဂ၏ အကြမ်းဖက်သမားစာရင်းအဆိုပြုချက်များကို ပိတ်ပင်ခြင်းဖြင့် အကြမ်းဖက်မှုကို အားပေးနေ

တရုတ်က ကုလသမဂ္ဂ၏ အကြမ်းဖက်သမားစာရင်းအဆိုပြုချက်များကို ပိတ်ပင်ခြင်းဖြင့် အကြမ်းဖက်မှုကို အားပေးနေ

ကမ္ဘာ့အင်အားကြီး ဦးဆောင်နိုင်ငံဖြစ်ရန် ဆန္ဒပြင်းပြနေသော တရုတ်သည် ကုလသမဂ္ဂ၏ အကြမ်းသမားစာရင်း ဆိုင်ရာအဆိုပြုချက်များကို ပိတ်ပင်ခြင်းဖြင့် အကြမ်းဖက်မှုကို အားပေးအားမြှောက်ပြုလျက်ရှိသည်။ လက်ရှ်ကာအဲတိုင်ဘာ (LeT)အကြမ်းဖက်အုပ်စု အဖွဲ့ဝင် ရှာဟစ်မာမွတ်ကို ကမ္ဘာ့အကြမ်းဖက်သမားအဖြစ် အောက်တိုဘာလက တားမြစ်ပိတ်ပင်ပြီးနောက် နာရီပိုင်းအကြာ၌ LeTခေါင်းဆောင် ဟာဖစ်ဆာအိဒ်၏သား တာလ်ဟာဆာအိဒ်ကို ကုလသမဂ္ဂစာရင်းဝင် အကြမ်းဖက်သမားအဖြစ် သတ်မှတ်မည့် ကြိုးပမ်းမှုကို တရုတ်က မကြာသေးမီက နှောင့်ယှက်ခဲ့သည်ဟု Voices Against Autocracy (VAA)ကဖော်ပြသည်။

အပြစ်မဲ့ပြည်သူများကိုပစ်မှတ်ထားသော အကြမ်းဖက်တိုက်ခိုက်မှုများကို ကျူးလွန်ကြောင်း LeTအဖွဲ့က ထုတ်ပြန် ဝန်ခံထားသည်။ ယင်းအ ဖွဲ့ခေါင်းဆောင်များကို အရေးယူပိတ်ဆို့သည့် အမေရိကန်နှင့်အိန္ဒိယ၏ ကြိုးပမ်းအားထုတ်မှုများကို ဖီလာကန့်လန့်လုပ်ရန်နှင့် ပါကစ္စတန်နှင့်မည်မျှ ရင်းနှီးကြောင်း ပြသရန်မှတစ်ပါး ထိုသို့ပိတ်ပင် နှောင့်ယှက်မှုနောက်ကွယ်၌ တခြားအကျိုးအကြောင်းမရှိကြောင်း VAAကပြောသည်။ အမေရိကန်သည် ပါကစ္စတန်နှင့် ရင်းနှီးသော ဆက်ဆံရေးရှိသော်လည်း ယင်းအခြေအနေက အမေရိကန်၏ ပွင့်ပွင့်လင်းလင်းပြောဆိုမှုကို မတားဆီးနိုင်ပေ။ အကြမ်းဖက်သမားများကို အရေးယူပိတ်ဆို့သော ကုလသမဂ္ဂအဆိုပြုချက်များကို တရုတ်က အဆက်မပြတ် ပိတ်ပင်နေမှုသည် LeTကဲ့သို့သော ကမ္ဘာ့အကြမ်းဖက်အုပ်စုများ၏ လှုပ်ရှားမှုကို တားမြစ်ရန် ကမ္ဘာ့နိုင်ငံများ၏ ကြိုးပမ်းအား ထုတ်မှုကို မထီမဲ့မြင်ပြုခြင်းဖြစ်သည်။

ထိုသို့သော လုပ်ရပ်များသည် ကမ္ဘာတစ်ဝန်းနှင့် တရုတ်နိုင်ငံတွင် အကြမ်းဖက်အုပ်စုများကို အားပေးရာရောက်ပြီး တရုတ်သည် ပါကစ္စတန်ရှိ အကြမ်းဖက်သမားများကိုကာကွယ်ရေးအတွက် ငွေကုန်ကြေးကျခံလျက်ရှိသည်ဟု VAAကဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly