ပါကစ္စတန်သည် ကြွေးမြီဆပ်ရန် ပျက်ကွက်မည့် အခြေအနေသို့ ရောက်နေဟု စီးပွားရေးပညာရှင် သတိပေး

By The Print
23 October 2022
ပါကစ္စတန်သည် ကြွေးမြီဆပ်ရန် ပျက်ကွက်မည့် အခြေအနေသို့ ရောက်နေဟု စီးပွားရေးပညာရှင် သတိပေး

ပါကစ္စတန်နိုင်ငံသည် လက်ရှိအချိန်တွင် ကြွေးပြီပြန်ဆပ်ရန် ပျက်ကွက်မှု ဖြစ်တော့မည့်ဆဲဆဲ အခြေအနေတွင် ရှိနေကြောင်းနှင့် ဝန်ကြီးချုပ် ရှာဘတ်ဇ် ရှာရစ်သည်လည်း စီးပွားရေးအခြေအနေ ယိုယွင်းချည့်နဲ့နေမှုကို ပြန်ကောင်းလာစေရန် တည့်မတ်လုပ်ဆောင်နိုင်ခြင်း မရှိဘဲ ဖြစ်နေကြောင်း နာမည်ကျော် စီးပွားရေးပညာရှင် စတိဗ် ဟန့်က သတိပေးလိုက်သည်။

“ပါကစ္စတန်ရဲ့ အစိုးရငွေတိုက်စာချုပ်တွေဟာ ဒီနှစ်ထဲမှာ တန်ဖိုးအားဖြင့် ၆၀ ရာခိုင်နှုန်းကျော် ဆုံးရှုံးခဲ့ပါပြီ။ ကျွန်တော်ကတော့ မအံ့ဩမိပါဘူး။ ဝန်ကြီးချုပ် ရှာရစ် ဦးဆောင်တဲ့ အစိုးရဟာ ယိုယွင်းလာတဲ့ စီးပွားရေးကို

ပြန်ကောင်းအောင် မလုပ်ပေးနိုင်ဘဲဖြစ်နေတယ်” ဟု ဟန့်က အောက်တိုဘာ ၁၄ ရက်၌ တွစ်တာမှတစ်ဆင့် ထုတ်ဖော်ပြောဆိုသည်။

ငွေချေးယူနိုင်ခွင့်ဆိုင်ရာ အဆင့်သတ်မှတ်သည့် အေဂျင်စီ Moody’s ကလည်း ပါကစ္စတန် ဘဏ်ငါးခု၏ ကာလရှည် ဘဏ်ငွေအပ်နှံမှုဆိုင်ရာ အဆင့်သတ်မှတ်ချက်များကို B3 (ခန့်မှန်းရန်လွယ်) မှ Caa1 (ဘေးရှိနိုင်) သို့ အဆင့်လျှော့ချခဲ့သည်။ ထို့ပြင် အဆိုပါ အေဂျင်စီသည် ပါကစ္စတန် ဘဏ်ငါးခု၏ ရေရှည် နိုင်ငံခြားငွေကြေး counterparty risk (လုပ်ငန်းနှင့် ဆက်သွယ်လုပ်ကိုင်နေသည့် တစ်ဖက်လူပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းဘက်မှ ငွေပေးချေရန် ပျက်ကွက်နိုင်မှု အန္တရာယ်) အဆင့်သတ်မှတ်ချက်များ (CRRs) ကိုလည်း B3 မှ Caa1 သို့ အဆင့်လျှော့ချခဲ့သည်။

အဆင့်သတ်မှတ်ချက် လျှော့ချခံရသည့် ဘဏ်များတွင် Allied Bank Limited (ABL) ဘဏ်၊ Habib Bank Ltd. (HBL) ဘဏ် ၊ MCB Bank Limited (MCB) ဘဏ်၊ National Bank of Pakistan (NBP) ဘဏ်နှင့် United Bank Ltd. (UBL) ဘဏ်တို့ ပါဝင်သည်။

“အလားတူ အဆင့်သတ်မှတ်တဲ့ လုပ်ဆောင်ချက်ရဲ့ တစ်စိတ်တစ်ဒေသအဖြစ် Moody’s အနေနဲ့ ABL ၊ MCB နဲ့ UBL ဘဏ်တွေရဲ့ အခြေခံ ချေးငွေ အကဲဖြတ်ချက် (BCAs) များကို b3 ကနေ caa1 ကို နှိမ့်ချခဲ့ပါတယ်။ နောက်ပြီး သူတို့ရဲ့ ပြည်တွင်းငွေကြေးဆိုင်ရာ ရေရှည် (CRRs) သတ်မှတ်ချက်တွေကိုလည်း B2 ကနေ B3 ကို လျှော့ချခဲ့ပါတယ်။ နောက်ပြီး သူတို့ရဲ့ရေရှည် CRRs အကဲဖြတ်ချက်တွေကိုလည်း B2(cr) ကနေ B3(cr) ကို လျှော့ချခဲ့ပါတယ်။ NBP နဲ့ HBL ဘဏ်တွေရဲ့ အခြေခံ ချေးငွေ အကဲဖြတ်ချက်တွေကိုလည်း caa1 အဖြစ် အတည်ပြုထားပါတယ်” ဟု Moody’s က ထုတ်ပြန်ချက်တစ်ရပ်တွင် ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly