ပါကစ္စတန် ရေဘေးကယ်ဆယ်ရေး ကြိုးပမ်းမှုများအတွင်း အကျင့်ပျက်ခြစားမှုများ ရှိနေ

By Latestly
22 October 2022
ပါကစ္စတန် ရေဘေးကယ်ဆယ်ရေး ကြိုးပမ်းမှုများအတွင်း အကျင့်ပျက်ခြစားမှုများ ရှိနေ

ပါကစ္စတန်နိုင်ငံတွင် မကြုံစဖူးသော ရေဘေးဒုက္ခဆိုးကြီးကြောင့် ဖြစ်ပေါ်သည့် ထိခိုက်ဆုံးရှုံးမှုများမှ ပြန်လည် နာလန်ထူနိုင်ရေး လုံလောက်သည့် အကူအညီ ရရှိနိုင်ရန် ဆက်လက် ကြိုးပမ်းနေရစဉ် အဆိုပါနိုင်ငံ၌ ရေဘေး အကူအညီများ အသုံးပြုမှုနှင့် စပ်လျဉ်းပြီး စိုးရိမ်ပူပန်ကြောင်း ကုလသမဂ္ဂ အရာရှိတစ်ဦးက ပြောကြား လိုက်သည်။

ကုလသမဂ္ဂအနေဖြင့် ပါကစ္စတန်အတွက် အကူအညီများ ရယူပေးနိုင်ရေး အထူးတလည် လုပ်ဆောင်လျက် ရှိသော်လည်း အမေရိကန်ဒေါ်လာ သန်း ၁၆၀ ၏ ၄ပုံ ၁ပုံအောက် ပမာဏကိုသာလျှင် မြေပြင် ကယ်ဆယ်ရေး ကြိုးပမ်းမှုများအတွက် အမှန်တကယ် သတ်မှတ်လုပ်ဆောင်ထားနိုင်ခဲ့သည် ဆိုသည့် သတင်းများ ပြီးခဲ့သည့်လက ထွက်ပေါ်ခဲ့သည်။

ကတိပြုထားသည့် စုစုပေါင်း အကူအညီငွေပမာဏအနက် ဒေါ်လာ ၃၈ ဒသမ ၃၅ သန်းကိုသာလျှင် အကူအညီအဖြစ် ပြောင်းလဲထားနိုင်ကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူး ဂျူလီယန် ဟားနိုက်စ်က အစောပိုင်းက ပြောသည်။

“မိမိတို့ဟာ အစပိုင်းနေ့ရက်တွေမှာပဲ ရှိနေဆဲပါ။ လုံလောက်တဲ့ အကူအညီတွေကို မဖြန့်ဝေနိုင်သေးပါဘူး။ တုံ့ပြန်ကူညီဆောင်ရွက်မှုတွေကို မိမိတို့ အရှိန်မြှင့်ဖို့ လိုပါတယ်။ ကုလသမဂ္ဂနဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေဟာ လက်ထဲမှာ အရန်ထားတဲ့ ငွေကြေးတချို့ ရှိပါတယ်။ အရေးပေါ် အခြေအနေတွေကို တုံ့ပြန်ဖို့ အဲဒီငွေတွေကို ပြန်လည်လမ်းကြောင်းလွှဲပြောင်းပေးထားခဲ့ပါတယ်။ ဒါပေမယ့် မိမိတို့ ဘယ်ရွေ့ ဘယ်မျှအထိ လုပ်နိုင်သလဲ ဆိုတဲ့အပေါ်မှာတော့ အကန့်အသတ်တစ်ခု ရှိနေတယ်။ ဆိုတော့ မိမိတို့ဟာ အကူအညီအဖြစ် ပြောင်းလဲနိုင်မယ့် ငွေတွေကို အလျင်အမြန် လိုပါတယ်” ဟု ဟာနိုက်စ်က ပြီးခဲ့သည့်လက ပြောကြောင်း Dawn သတင်းစာက ဖော်ပြသည်။

ပါကစ္စတန်တွင် ကယ်ဆယ်ရေး အကူအညီပေးအပ်မှုပိုင်းတွင် ကွာဟမှုများ ရှိနေသည်ဆိုသည့် ဖြစ်နိုင်ဖွယ်ရာ သတင်းများနှင့်ပတ်သက်ပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက အောက်တိုဘာ ၁၁ ရက်တွင် တုံ့ပြန်ဖြေကြားသွားခဲ့ပြီး ယင်းသည် ပါကစ္စတန်တွင်သာမကဘဲ အမေရိကန် အခွန်ထမ်း ဒေါ်လာများ

ပါဝင်ပတ်သက်သော ကမ္ဘာ့ကျန်နေရာတိုင်းတွင် မိမိတို့ အထူးအလေးအနက်ထား ကိုင်တွယ်လုပ်ဆောင်သည့် ကိစ္စဖြစ်သည်ဟု ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly