တရုတ်က ထိုင်ဝမ်အပေါ် ရည်ရွယ်ချက်ကြောင့် ဂျပန်က လက်နက်ပြန်လည် တပ်ဆင်ရေးအတွက် အလျင်လိုနေ

တရုတ်က ထိုင်ဝမ်အပေါ် ရည်ရွယ်ချက်ကြောင့် ဂျပန်က လက်နက်ပြန်လည် တပ်ဆင်ရေးအတွက် အလျင်လိုနေ

တရုတ်ကွန်မြူနစ်ပါတီ၏အကြိမ်၂၀မြောက်ညီလာခံနှင့်၂၀၂၇ခုနှစ်ညီလာခံကြားကာလအတွင်းဂျပန်က အရှေ့အာရှတွင်တရုတ်အားစစ်မဖြစ်ပွားရန်ဟန့်တားရေးအတွက် ဒုတိယကမ္ဘာစစ်နောက်ပိုင်းတွင် အကြီးမားဆုံးလက်နက်တည်ဆောက်မှုအားစတင်နိုင်ကြောင်းဂျပန်အစိုးရတာဝန်ရှိသူများနှင့်လုံခြုံရေးလေ့လာ သုံးသပ်သူများက ပြောကြားလိုက်သည်။

၂၀၁၉ခုနှစ်ဂျပန်ကာကွယ်ရေးစက္ကူဖြူစာတမ်းတွင်တရုတ်ကိုအဓိကရန်သူအဖြစ်သတ်မှတ်ခဲ့ပြီး တရုတ်၏ နိုင်ငံတကာစံနှုန်းများကို ချိုးဖောက်ခြင်း၊ထိုင်ဝမ်အပေါ်ဖိအားပေးမှုများနှင့်စစ်ဘက်ခေတ်မီရေး လျင်မြန်စွာ ဆောင်ရွက်မှုများက ဆိုးရွားသော လုံခြုံရေးခြိမ်းခြောက်မှုဖြစ်လာမည်ကို စိုးရိမ်ကြောင်း ဖော်ပြခဲ့သည်။

ရုရှားကယူကရိန်းကိုကျူးကျာ်ပြီးနောက်စိုးရိမ်ပူပန်မှုများမြင့်တက်လာခဲ့သဖြင့်ဂျပန်ပြည်သူများက လက်နက်ပြန်လည်တပ်ဆင်ခြင်းကိုကန့်ကွက်မှုမရှိနိုင်ကြောင်းလုံခြုံရေးကျွမ်းကျင်သူတွေကပြောကြားခဲ့သည်။

ဂျပန်အစိုးရ လိုအပ်လာတာကြောင့် အကောင်းဆုံးလုပ်မှာပါ" ဟု တိုကျိုရှိတာ ကူရှိုကူတက္ကသိုလ်မှ ပါမောက္ခတာဝါကာမီက ပြောကြားခဲ့သည်။

၂၀၂၇ခုနှစ်ကာလကိုညွှန်ပြပြီးအရှေ့အာရှပါဝါချိန်ခွင်လျှာသည်တရုတ်ကိုမျက်နှာသာပေးနေခြင်းကြောင့်ဂျပန် အစိုးရသည် ကာကွယ်ရေး အသုံးစရိတ်ပိုမိုသုံးစွဲလာနိုင်ကြောင်း ၎င်းကပြောကြားခဲ့သည်။

ပေကျင်းမြို့တွင်ကွန်မြူနစ်ပါတီကိုယ်စားလှယ်များနောက်တစ်ကြိမ်စုဝေးရမည့်၂၀၂၇ခုနှစ်သည်တရုတ်စစ်ဘက် ခေတ်မီရေးလမ်းပြမြေပုံနှင့် တရုတ်စစ်တပ် တည်ထောင်သည့် နှစ်တစ်ရာပြည့် အဓိကနှစ်လည်းဖြစ်သည်။

၂၀၂၂ခုနှစ်လွှတ်တော်ကြားနာမှုတွင်အမေရိကန်အင်ဒို-ပစိဖိတ်စစ်ဦးစီးချုပ် ရေတပ် ်ဗိုလ်ချုပ်ကြီး ဖိလစ်ဒေးဗစ်ဆန်က ထိုင်ဝမ်အပေါ် တရုတ်၏ ခြိမ်းခြောက်မှုသည်၂၀၂၇ခုနှစ်တွင် ပိုမိုသိသာလာနိုင် ကြောင်း ပြောကြားခဲ့သည်။

ဂျပန်ရေနံအားလုံးနီးပါးနှင့်ကုန်ထုတ်လုပ်မှုအတွက်အသုံးပြုသည့်ကုန်ပစ္စည်းအများအပြားကို ထောက်ပံ့ပေးသောအဓိကသင်္ဘောလမ်းကြောင်းများကိုအန္တရာယ်ဖြစ်စေသောကြောင့်ထိုင်ဝမ်ကိုတရုတ်လက်သို့ဆုံးရှုံးရခြင်းကဂျပန်ကိုအခက်ကြုံစေနိုင်သည်။

ယင်းသည်တရုတ်ရေတပ်အားကျွန်းပေါ်ရှိအခြေစိုက်စခန်းများမှတစ်ဆင့်အနောက်ပစိဖိတ်ဒေသသို့ဝင်ရောက်ခွင့်ပေးမည်ဖြစ်သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကဂျပန်သည်တရုတ်အားစစ်ရေးတည်ဆောက်မှုအတွက်အကြောင်းပြချက်အဖြစ်အသုံးပြုနေသည်ဟုပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly