ရှီက မော်စီတုံး၏ ခြေရာအတိုင်း အာဏာရှင်ဖြစ်လာနိုင်

ရှီက မော်စီတုံး၏ ခြေရာအတိုင်း အာဏာရှင်ဖြစ်လာနိုင်

အာဏာရကွန်မြူနစ်ပါတီ၏ဆယ်စုနှစ်တစ်ခုတွင်၂ကြိမ်သာကျင်းပသည့်အမျိုးသားညီလာခံကိုတရုတ်ခေါင်း ဆောင်ရှီကအောက်တိုဘာ၁၆ရက်တွင်ဖွင့်လှစ်ခဲ့ပေးခဲ့ပြီး ယင်းညီလာခံကရှီအား ပါတီအထွေထွေအတွင်းရေးမှူးအဖြစ် နောက်ထပ်၅နှစ်အထိ တာဝန်ပေးအပ်နိုင်သည်ဟုNew York Times ကဖော်ပြလိုက်သည်။

၎င်း၏တတိယအကြိမ်မြောက်သမ္မတသက်တမ်းရည်မှန်းချက်ကိုဟန့်တားနေသောပြိုင်ဘက်အားလုံးကို ရှီကျင့်ဖျင်က ဖယ်ရှားခဲ့သည်။

မကြာသေးမီကထိပ်တန်းအရာရှိဟောင်း၂ဦးကိုဘဏ္ဍာရေးဆိုင်ရာရာဇဝတ်မှုများနှင့် ရှီအပေါ်သစ္စာဖောက်မှုတို့ဖြင့် စွပ်စွဲကာစက်တင်ဘာလကထောင်ဒဏ်ချမှတ်ခဲ့သည်။

ဆိုးရွားသောအကျိုးဆက်များနှင့်ပတ်သက်ပြီးခါးသီးသောအမှန်တရားများကိုဖော်ထုတ်ရေးထက်၎င်း၏မူဝါဒများကိုအဆုံးစွန်ဖော်ဆောင်ခြင်းဖြင့် မိမိတို့၏သစ္စာစောင့်သိမှုကို သက်သေပြရန် ရှီ၏ လက်အောက်ငယ်သားများက ယှဉ်ပြိုင်နေကြသည်။

တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့်ဥက္ကဋ္ဌဟောင်းတိန့်ရှောင်ပင်နှင့် တခြားပါတီ ခေါင်းဆောင်ဟောင်းများကယခုကဲ့သို့အပြောင်းအလဲများကိုတားဆီးရန်လွန်ခဲ့တဲ့ဆယ်စုနှစ်များစွာကမူဝါဒများ ချမှတ်ခဲ့ကြသည်။

မော်စီတုန်းသည်လည်းအလားတူလုပ်ဆောင်ခဲ့ပြီးလက်ထဲတွင်အာဏာပိုမိုဆုပ်ကိုင်လာရေးကို အာရုံစိုက်ကာ ၁၉၅၀ပြည့်နှစ်နှောင်းပိုင်းတွင်စိုက်ပျိုးရေးနှင့်စက်မှုထွက်ကုန်များတိုးမြင့်လာစေရန်မဟာခုန်ပျံကျော်လွှားလှုပ်ရှားမှုကို လွဲမှားစွာ အသုံးချခဲ့သဖြင့်ဆိုးရွားသည့်အငတ်ဘေးနှင့်ဖရိုဖရဲနိုင်ငံရေးအကြမ်းဖက်မှုဖြစ်ပွားခဲ့သည့်၁၉၆၆-၇၆ ယဉ်ကျေးမှုတော်လှန်ရေးကိုဖြစ်ပေါ်စေခဲ့သည်။

မော်ကွယ်လွန်ပြီးနောက်တိန့်ကအစိုးရနှင့်စစ်တပ်တွင်ထိပ်တန်းရာထူးများအတွက်အငြိမ်းစားယူရမည့်သက်တမ်းကန့်သတ်ချက်များကိုချမှတ်ခဲ့ပြီး ပါတီအဖွဲ့အစည်းများကိုအခွင့်အာဏာပိုပေးခဲ့သည်ဟုNew York Times က ဖော်ပြခဲ့သည်။

၂၀၁၈ခုနှစ်တွင်သမ္မတသက်တမ်းကန့်သတ်ချက်များအားဖျက်သိမ်းရေးကိုရှီကလုပ်ဆောင်ခဲ့ချိန်တွင် ခုခံဆန့်ကျင်မှုမျိုးမရှိခဲ့သဖြင့် အသက်၆၉နှစ်အရွယ်ရှီက သေဆုံးသည်အထိ သို့မဟုတ် အာဏာလွန်ဆွဲပွဲတွင် ရာထူးမှဖယ်ရှားခံရသည်အထိ အာဏာကိုဆက်လက်ဆုပ်ကိုင်ထားနိုင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly