လာအိုနှင့်ပတ်သက်ပြီး တရုတ်နှင့်ဗီယက်နမ် အင်အားပြိုင်ဆိုင်နေ

လာအိုနှင့်ပတ်သက်ပြီး တရုတ်နှင့်ဗီယက်နမ် အင်အားပြိုင်ဆိုင်နေ

ဗီယက်နမ်က ဆက်ဆံရေးတိုးတက်ကောင်းမွန်စေရန် ကြိုးပမ်းနေသော်လည်း လာအိုက တရုတ်စီးပွားရေးနှင့်ခါးပတ်လမ်းရပ်ဝန်း (BRI) အခြေခံအဆောက်အအုံစီမံကိန်းမှ အကျိုးကျေးဇူးများ ရရှိရန်ကြိုးပမ်းနေသောကြောင့် တရုတ်နှင့် လာအိုအကြား ဆက်ဆံရေး ပိုမိုနီးကပ်လာသည်။

၂၀၂၂ခုနှစ်တွင်ဗီယက်နမ်သည်လာအိုနှင့်ဆက်ဆံရေးမြှင့်တင်ရန်အတွက်ထိပ်တန်းခရီးစဉ်များ၊ကျယ်ပြန့်သော ယဉ်ကျေးမှုဖလှယ်မှုများနှင့်ဝန်ကြီးဌာနပေါင်းစုံပါဝင်သောသဘောတူညီချက်များစွာကိုလက်မှတ်ရေးထိုးခဲ့ကြ သော်လည်းယင်း၏နောက်ကွယ်တွင်လာအိုက ကိုယ်ပိုင်ရည်ရွယ်ချက်ရှိကြောင်း စင်ကာပူပို့စ်က ဖော်ပြခဲ့သည်။

လာအိုသည် တရုတ်နှင့်ကပ်လျက်တည်ရှိသည်။ တရုတ်သည် ဗီယက်နမ်၏ ကာလကြာရှည်ပြိုင်ဘက်ဖြစ်ပြီး ဗီယက်နမ်နှင့်လာအိုနယ်နိမိတ်သည်၂,၁၆၁ကီလိုမီတာရှည်လျားကာတရုတ်သို့မဟုတ်ကမ္ဘောဒီးယားနယ်နိမိတ် ထက်၂ဆခန့်ရှည်လျားသည်။

ဗီယက်နမ်သည်ယင်းအချက်ကြောင့်လာအိုပြည်သူ့တော်လှန်ရေးပါတီ (LPRP) အုပ်ချုပ်မှုကိုထောက်ခံရန် အစွမ်းကုန်ကြိုးပမ်းနေသည်။

လာအိုတွင်အများကြိုက်ဝါဒီများနှင့်လူမျိုးရေးမကျေနပ်မှုများကိုပိုမိုဆိုးရွားသွားစေနိုင်သည့်တရုတ်၏စွက်ဖက်မှု များကြောင့်LPRP ၏စည်းလုံးညီညွတ်မှုနှင့်လွတ်လပ်စွာဆောင်ရွက်ချက်များကိုအနှောင့်အယှက်ဖြစ်နိုင်သည်။

ထို့ကြောင့်ရှိရင်းစွဲတင်းမာမှုများကိုရှောင်ရှားရန်LPRP သည် တရုတ်အပေါ်ယင်း၏ အလွန်အမင်းမှီခိုမှုကို လျှော့ချရန်မက်လုံးတစ်ခုရှိနေသည်။

လာအိုပိုင်နက်အတွင်းတရုတ်၏လျင်မြန်စွာသြဇာကြီးထွားလာမှုသည်သာမန်ပြည်သူလူထုအကြားမငြိမ်သက်မှု များနှင့် ရှုပ်ထွေးမှုများ ဖြစ်ပေါ်စေခဲ့သည်။

လာအိုမှစွန့်ဦးတီထွင်လူငယ်များသည် တရုတ်စီးပွားရေးနှင့်ဘာသာစကားကို ပိုမိုစိတ်ဝင်စားလာကြသည်။

တရုတ်နှင့်ပတ်သက်၍မကျေနပ်မှုများများပြားလာခြင်းကြောင့် အာဏာရ LPRP ပါတီ သည် ယင်း၏ကာလကြာရှည်ကျင့်သုံးခဲ့သော အထီးကျန်မူဝါဒများကို စွန့်လွှတ်ခဲ့ကြောင်းThe Singapore Post ကဖော်ပြခဲ့သည်။

လက်ရှိကြွေးမြီအကျပ်အတည်းကိုသုံးသပ်ကာ လာအိုကတရုတ်နှင့်ပိုမိုနီးကပ်နေသည်။ အခြေခံအဆောက်အအုံဆိုင်ရာ စီမံကိန်းများအတွက်တံခါးဖွင့်ပေးခဲ့မှုကြောင့် လာအို၏ နိုင်ငံခြားကြွေးမြီထက်ဝက်ခန့်သည် တရုတ်ကိုဆပ်ရမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required