တရုတ်အစိုးရက တတိယ ၃ လပတ်အတွက် စီးပွားရေးအချက်အလက် ထုတ်ပြန်မည့်ရက် ရွှေ့ဆိုင်း

တရုတ်အစိုးရက တတိယ ၃ လပတ်အတွက် စီးပွားရေးအချက်အလက် ထုတ်ပြန်မည့်ရက် ရွှေ့ဆိုင်း

တရုတ်ကွန်မြူနစ်ပါတီ (CCP) ၏ အကြိမ် ၂၀ မြောက် အမျိုးသားညီလာခံကျင်းပနေချိန်တွင် တရုတ်သည် တတိယ ၃ လပတ် စီးပွားရေးအချက်အလက်များထုတ်ပြန်မည့်ရက်ကို ရွှေ့ဆိုင်းလိုက်ခြင်းကြောင့် နိုင်ငံ၏ ဂျီဒီပီတိုးတက်မှုနှုန်းတွင် နှေးကွေးမှုရှိနေကြောင်း ထင်ကြေးများ ပေးလာကြသည်။ စီစဉ်ထားသည့်အတိုင်း အောက်တိုဘာ ၁၈ ရက်တွင် အချက်အလက်များ မထုတ်ပြန်သည့် အကြောင်းရင်းကိုလည်း ဖြေရှင်းချက်မပေးပေ။

စုစုပေါင်းပြည်တွင်းထုတ်ကုန် ဂျီဒီပီ ကိန်းဂဏန်းများမှလွဲ၍ ထုတ်ပြန်ချက်များတွင် လစဉ်စက်မှုလုပ်ငန်း ထွက်ရှိမှု၊ စွမ်းအင်ထုတ်လုပ်မှု၊ ပုံသေပိုင်ဆိုင်မှုရင်းနှီးမြုပ်နှံမှု၊ အိမ်ခြံမြေရင်းနှီးမြုပ်နှံမှုနှင့် ရောင်းချမှု၊ လက်လီ ရောင်းချမှုနှင့် အိမ်ရာစျေးနှုန်းများ ပါဝင်သည်ဟု ယူဆရကြောင်း Sydney Morning Herald (SMH)က ဖော်ပြသည်။

ပါတီခေါင်းဆောင်အဖြစ် အလိုအလျောက် သက်တမ်းတိုးလျက် တတိယသက်တမ်း ရယူမည့်အချိန်တွင် အချက်အလက်များ ထုတ်ပြန်လိုက်ပါက ရှီအား အရှက်ရစေနိုင်ကြောင်း ကောက်ချက်ချနိုင်သည်။

ယခုနှစ်တွင် ၃ ရာခိုင်နှုန်းနှင့် ၃ ဒသမ ၂ ရာခိုင်နှုန်းအကြား ခန့်မှန်းထားသည့် ဂျီဒီပီတိုးတက်မှုနှုန်းသည် ပါတီခေါင်းဆောင်များအတွက် ဂုဏ်ယူဖွယ်ကောင်းမည်မဟုတ်ကြောင်း SMH ကဖော်ပြသည်။

အဓိကအချက်မှာ တရုတ်နိုင်ငံ အဓိကမြို့ကြီးများနှင့် စက်မှုအချက်အချာကျသော နေရာများကို အဆက်မပြတ်ပိတ်ဆို့ခြင်းများလုပ်ဆောင်သည့် ရှီ၏ ပြင်းထန်သော ကိုဗစ်လုံးဝကင်းစင်ရေးမူဝါကြောင့် ဖြစ်သည်။

အသက် ၁၆ နှစ်နှင့် ၂၄ နှစ်အကြားအလုပ်လက်မဲ့ဖြစ်မှုသည် ၂၀ ရာခိုင်နှုန်းရှိရာမှ သမ္မတရှီကျင့်ဖျင်၏ လက်ရှိ ၅ နှစ်သက်တမ်းတွင် ၂ ဆကျော်ဖြစ်လာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required