တရုတ်က ကွန်မြူနစ်ပါတီလုပ်ဇာတ်များဖြင့် သီရိလင်္ကာမီဒီယာကို လွှမ်းမိုးရန်ကြိုးပမ်း

တရုတ်က ကွန်မြူနစ်ပါတီလုပ်ဇာတ်များဖြင့် သီရိလင်္ကာမီဒီယာကို လွှမ်းမိုးရန်ကြိုးပမ်း

တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ဦးဆောင်မှုအောက်ရှိ တရုတ်အစိုးရသည် မီဒီယာများကို လွှမ်းမိုးနိုင်ရန် စည်းရုံးလှုပ်ရှားများအသုံးပြုလျက် ကမ္ဘာတစ်ဝန်းရှိ သတင်းစောင့်ကြည့်သူများကို ပစ်မှတ်ထားနေကြောင်း မီဒီယာစောင့်ကြည့်ရေးအဖွဲ့များက ပြောသည်။ တရုတ်ကွန်မြူနစ်ပါတီ (CCP) မှ မနှစ်သက်သော အကြောင်းအရာများကို ကိုယ်တိုင်ဆင်ဆာဖြတ်ရန် လှုံ့ဆော် ပေးခြင်းနှင့် ဝါဒဖြန့်လုပ်ဇာတ်များ ဖြန့်ခြင်း သို့မဟုတ် ဝေဖန်ရေးသတင်းများကို နှိမ်နှင်းရာတွင် ကူညီရန် အချို့သောနိုင်ငံများတွင် အစိုးရအရာရှိများနှင့် မီဒီယာလုပ်ငန်းရှင်များကို ပူးပေါင်းခြင်းဖြင့် တရုတ်အစိုးရသည် ၎င်း၏ သတင်းအကြောင်းအရာများကို များပြားလှသော ပရိသတ်များထံ ရောက်ရှိစေသည့် လမ်းကြောင်းအသစ် များကို ထူထောင်ခဲ့ကြောင်းမကြာသေးမီထုတ်ပြန်ခဲ့သော Freedom House အစီရင်ခံစာတွင် ဖော်ပြထားသည်။

အစ္စရေးနှင့် အီတလီကဲ့သို့သော နိုင်ငံအချို့တွင် ဒေသတွင်း တရုတ်နိုင်ငံတကာအသံလွှင့်ဌာန (CRI) သတင်းထောက်များသည် အလွန်တက်ကြွပြီး နှစ်လိုဖွယ်ကောင်းကာ ၎င်းတို့၏ ဆိုရှယ်မီဒီယာအကောင့်များတွင် စောင့်ကြည့်သူ ထောင်ပေါင်းများစွာ ရရှိနေကြသည်။

ယဉ်ကျေးမှု သို့မဟုတ် လူနေမှုဘဝပုံစံဆိုင်ရာ ထင်ပေါ်ကျော်ကြားသူများဖြစ်သည့်CRI မှ အခြား ဝန်ထမ်းများသည် အစိုးရ၏ထိန်းချုပ်မှုခံထားရသည်ဆိုသော ၎င်းတို့ Facebook စာမျက်နှာများမှတစ်ဆင့် သီရိလင်္ကာကဲ့သို့သော နိုင်ငံများရှိ အင်တာနက် အသုံးပြုသူများကို ပစ်မှတ်ထားကြသည်။ International Republican Institute၏ “တရုတ်တို့၏ဆိုးရွားသော သြဇာလွှမ်းမိုးမှုနှင့် ဒီမိုကရေစီ၏ ပျက်စီးယိုယွင်းမှု” ဟူသော အစီရင်ခံစာ၌ ၂၀၀၉ ခုနှစ်တွင် အစိုးရအောင်ပွဲခံခဲ့သော ခွဲထွက် တမီးလ် ကျားသူပုန်များကို နှိမ်နင်းသည့် သီရိလင်္ကာအစိုးရ၏ ၂၆ နှစ်ကြာ စစ်ဆင်ရေးနောက်ဆုံးအဆင့်များတွင် တရုတ်အစိုးရသည် သီရိလင်္ကာအစိုးရအား ငွေကြေး၊ သံတမန်ရေးရာနှင့် စစ်ရေးအရ ကူညီပေးခဲ့သည်ဟု

ဖော်ပြထားသည်။ သီရိလင်္ကာ မီဒီယာနယ်ပယ်သည် ဆင်ဆာဖြတ်တောက်မှုနှင့် သတင်းသမားများအပေါ် တိုက်ခိုက်မှုများကို တွေ့ကြုံရပြီး စက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတားဖြစ်စေခဲ့သည်ဟု အစီရင်ခံစာတွင် ထပ်မံဖော်ပြထားသည်။

တရုတ်နိုင်ငံသည် တခြားနိုင်ငံများတွင်ကဲ့သို့ပင် ယခုအခါ သီရိလင်္ကာ၏ မီဒီယာကဏ္ဍတွင်ရင်းနှီးမြုပ်နှံထားပြီး နိုင်ငံ၏ သတင်းအချက်အလက်နယ်ပယ်တွင် ပိုမိုသြဇာလွှမ်းမိုးနိုင်စေမည့် အလားအလာကို မြှင့်တင်နေကြောင်း အစီရင်ခံစာက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required