"စစ်ကောင်စီတပ်ဟာ ကော့ကရိတ်မြို့ မကျသွားအောင် ခုခံနိုင်စွမ်း အင်အားမရှိတာ သေချာတယ်" (Editorial Talk)

"စစ်ကောင်စီတပ်ဟာ ကော့ကရိတ်မြို့ မကျသွားအောင် ခုခံနိုင်စွမ်း အင်အားမရှိတာ သေချာတယ်" (Editorial Talk)

စစ်ကောင်စီလေတပ်၏ ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) အရာရှိများနှင့် စစ်သည်အချို့အပါအဝင် ကချင်အနုပညာရှင်များ၊ ဒေသခံပြည်သူများ အသက်ပေးခဲ့ရသည့်အတွက် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဗဟိုရုံးစိုက်ရာ လိုင်ဇာမြို့ရှိ ရုံးပေါင်းရုံးနှင့် KIA/KIO ရုံးများတွင် ဝမ်းနည်းဂုဏ်ပြုခြင်းအဖြစ် ကချင်အမျိုးသားအလံကို တစ်ဝက် စိုက်ထူထားသည်။

ယမန်‌နေ့ အောက်တိုဘာလ ၂၃ရက် ည ၈ နာရီဝန်းကျင်တွင် KIA တပ် မဟာ (၉)နယ်မြေတွင် KIO နေ့အထိမ်းအမှတ်ပွဲအကြို တေးဂီတအစီအစဉ်ပြုလုပ်နေစဉ် စစ်ကောင်စီတပ်မှ ဂျက်လေယာဉ် သုံးစီးဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပွဲအတွင်းရောက်ရှိနေသည့် KIAအရာရှိနှင့် စစ်သည်များအပါအဝင် ပြည်သူ ၆၀ခန့် ကျဆုံးခဲ့ခြင်းဖြစ်သည်။

စာတည်း။ ။ဖူးသိမ်ကျ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required