အာဖဂန်နစ္စတန်တွင် အသေခံဗုံးခွဲသမားများ ထောင်နှင့်ချီ၍ လေ့ကျင့်သင်ကြားပေးနေဟု တာဂျစ်ကစ္စတန် သမ္မတ ပြော

By Khaama Press
20 October 2022
အာဖဂန်နစ္စတန်တွင် အသေခံဗုံးခွဲသမားများ ထောင်နှင့်ချီ၍ လေ့ကျင့်သင်ကြားပေးနေဟု တာဂျစ်ကစ္စတန် သမ္မတ ပြော

အာဖဂန်နစ္စတန်နိုင်ငံတွင် အကြမ်းဖက်အဖွဲ့များ ရှိနေခြင်းနှင့် ၎င်းတို့၏ လှုပ်ရှားမှုများနှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်နေရသလို နယ်စပ်တွင်လည်း “အသေခံ ဗုံခွဲသမားများ” ရှိနေကြောင်း တာဂျစ်ကစ္စတန် သမ္မတ အမ်မိုမာလီ ရာမွန်က ပြောကြားလိုက်သည်။

နိုင်ငံတကာ အသိုင်းအဝိုင်းရှိ နိုင်ငံအများအပြားက အာဖဂန်နစ္စတန်နှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်ကြောင်း ထုတ်ဖော်ထားစဉ် တာဂျစ်ကစ္စတန် သမ္မတကလည်း အထက်ပါအတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။

အာဖဂန်နစ္စတန်တွင် သောင်းနှင့်ချီသော “အကြမ်းဖက်သမားများ” နှင့် “အသေခံ ဗုံးခွဲသမားများ” ကို လေ့ကျင့်သင်ကြားပေးလျက် ရှိကြောင်း တာဂျစ်ကစ္စတန် သမ္မတက အာရှနိုင်ငံများအကြား အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေးနှင့် ယုံကြည်မှု တည်ဆောက်ရေး ဆောင်ရွက်ခြင်းဆိုင်ရာ ညီလာခံ (CICA) ၏ ၆ ကြိမ်မြောက် တွေ့ဆုံပွဲတွင် ပြောသည်။

CICA တွေ့ဆုံပွဲသည် အာရှတိုက်တွင် ကပ်ရောဂါကာလအလွန် အရေးအပါဆုံး နိုင်ငံခြားရေးမူဝါဒဆိုင်ရာ စုဝေးပွဲတစ်ခု ဖြစ်ပြီး ထိုညီလာခံသို့ အဇာဘိုင်ဂျန်၊ ကာဇက်စတန်၊ ဘယ်လာရုစ်၊ အီရန်၊ ကာဂျစ်စတန်၊ တာဂျစ်ကစ္စတန်၊ ပါလက်စတိုင်း၊ ရုရှား ၊ တူရကီ၊ ဥဇဘတ်ကစ္စတန်၊ ကာတာတို့မှ သမ္မတများ အပါအဝင် နိုင်ငံ ၁၁ နိုင်ငံမှ အကြီးအကဲများနှင့် ကိုယ်စားလှယ်အဖွဲ့ ၅၀ တို့ တက်ရောက်ကြသည်။

အာဖဂန်နစ္စတန်တွင် အားလုံးပါဝင်ကိုယ်စားပြုသော အစိုးရတစ်ရပ် ထူထောင်ရန် အလွန်အရေးကြီးကြောင်း ညီလာခံတွင် ပါဝင်တက်ရောက်သည့် အီရန်သမ္မတ အီဘရာဟင် ရိုင်စီက ပြောသည်။

ထို့ပြင် အာဖဂန်နစ္စတန်သည် ဒေသ၏ သိသာအထင်ရှားဆုံး လုံခြုံရေး စိန်ခေါ်မှုဖြစ်ကြောင်း ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ပြောသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required