မီးရထားချေးငွေ ပြန်မဆပ်သဖြင့်တရုတ်က ကင်ညာကို ရှီလင် ၁ဒသမ၃၁၂ဘီလီယံ ဒဏ်ရိုက်

မီးရထားချေးငွေ ပြန်မဆပ်သဖြင့်တရုတ်က ကင်ညာကို ရှီလင် ၁ဒသမ၃၁၂ဘီလီယံ ဒဏ်ရိုက်

ကင်ညာတွင်နိုင်ငံတကာစံနှုန်းအတိုင်းတည်ဆောက်သည့်မီးရထားလမ်းပိုင်း(SGR)အတွက်ချေးငွေဆပ်ရန်ပျက်ကွက်မှုဖြင့်ဇွန်လတွင်ကုန်သွားသည့်ဘဏ္ဍာနှစ်အတွက်ကင်ညာအစိုးရကိုကင်ညာရှီလင်၁ဒသမ၃၁၂ဘီလီယံတရုတ်ဘဏ်များကဒဏ်ရိုက်ခဲ့ကြောင်းBusiness Daily Africa မှမြင်တွေ့ခဲ့သော ဘဏ္ဍာရေးဆိုင်ရာ စာရွက်စာတမ်းများတွင်ဖော်ပြထားသည်။

SGR သည်လုပ်ငန်းလည်ပတ်စရိတ် ဆုံးရှုံးမှုရှီလင်၃ဒသမ၄ဘီလီယံနှင့် ရှီလင်၂၂ဒသမ၇ဘီလီယံကို၂၀၂၂ခုနှစ်ဇွန်လတွင် ချေးငွေပြန်ဆပ်ခဲ့သည်။

ကင်ညာသည်မွန်ဘာဆာမှနိုင်ဗာဆာအထိSGR တည်ဆောက်မှုအတွက်ရန်ပုံငွေအဖြစ်တရုတ်ပို့ကုန်-သွင်းကုန်ဘဏ်ဦးဆောင်သည့်တရုတ်ဘဏ်များမှရှီလင် ၁ထရီလီယံခွဲကျော်ချေးယူခဲ့သည်။

" ယင်းရှီလင်၁ဒသမ၃၁၂ဘီလီယံသည် ပြန်ဆပ်ရမည့် ငွေပမာဏ၏ တစ်ရာခိုင်နှုန်းအတိုးနှုန်းပေါ်တွင် ချေးငွေဆပ်ရန်ပျက်ကွက်မှုကိုတွက်ချက်ထားခြင်းဖြစ်သည်" ဟုBusiness Daily Africa မှမြင်တွေ့ရသောစာရွက်စာတမ်းများကဆိုသည်။

ယင်းလမ်းပိုင်းတွင်ခရီးသည်နှင့်ကုန်စည်ဝန်ဆောင်မှုများမှရရှိသောဝင်ငွေများသည်၂၀၂၂ခုနှစ်ဇွန်လအထိ ရှီလင်၁၅ဘီလီယံသာရရှိပြီးလုပ်ငန်းလည်ပတ်စရိတ်ရှီလင်၁၈ဒသမ၅ဘီလီယံကိုပြည့်မီရန်မလုံလောက်သော ကြောင့်အခွန်ထမ်းပြည်သူများသည်SGR ချေးငွေ၏ဝန်ထုပ်ဝန်ပိုးကိုပါတာဝန်ယူနေရကြောင်းBusiness Daily Africa ကဖော်ပြသည်။

ကင်ညာ၏၂၀၂၁-၂၂ခုနှစ်ပြင်ပကြွေးမြီ ၃ပုံ ၁ပုံခန့်သည် တရုတ်မှဖြစ်ပြီး တရုတ်သည် ကမ္ဘာ့ဘဏ်ပြီးနောက်အကြီးဆုံးနိုင်ငံခြားမြီရှင်နိုင်ငံဖြစ်သည်။

ကင်ညာသည်အဆိုပါကာလအတွင်းတရုတ်ကြွေးမြီအတွက်စုစုပေါင်းရှီလင်၁၁၇ဒသမ၇ဘီလီယံသုံးစွဲခဲ့ပြီးယင်းတို့အနက်ရှီလင်၂၄ဒသမ၇ဘီလီယံခန့်သည်အတိုးပေးရခြင်းဖြစ်ပြီးရှီလင်၉၃ဘီလီယံခန့်သည်အကြွေးပြန်ဆပ်ခြင်းဖြစ်ကြောင်းဘတ်ဂျက်မှတ်တမ်းများတွင်ဖော်ပြထားသည်။

တရုတ်ကကင်ညာကိုပေးထားသည့်၅နှစ်ကြာဆိုင်းငံ့ကာလကုန်ဆုံးပြီးနောက်SGR ချေးငွေကို ပြန်ဆပ်ခြင်းသည်၂၀၂၀ပြည့်နှစ်ဇန်နဝါရီလတွင်စတင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required