အမေရိကန်နှင့် အိန္ဒိယ စစ်တပ်ထောက်ပို့မှု မျှဝေသုံးစွဲရေး သဘောတူညီချက်ရရန် ပိုမိုနီးစပ်လာ

အမေရိကန်နှင့် အိန္ဒိယ စစ်တပ်ထောက်ပို့မှု မျှဝေသုံးစွဲရေး သဘောတူညီချက်ရရန် ပိုမိုနီးစပ်လာ

နယူးဒေလီ၊ ဝါရှင်တန် ဖေဖော်ဝါရီ ၂၉ ။              ။ ၁၂နှစ်ကြာဆွေးနွေးမှုများ ပြုလုပ်ပြီးနောက် အမေရိကန်နှင့် အိန္ဒိယတို့သည် စစ်ဘက်ဆိုင်ရာထောက်ပို့မှု များမျှဝေသုံးစွဲရေး သဘောတူညီချက်တစ်ခု ရရှိရန် ပိုမိုနီးကပ်လာပြီဖြစ်ကြောင်း အရာရှိများက ပြောသည်။

တရုတ်က အယုံကြည်လွန်ကာ စိုးမိုးလိုသည့်လက္ခဏာများ ပိုမိုပြသလာစဉ် ယင်းသို့နီးစပ်လာမှုက အမေရိကန်နှင့် အိန္ဒိယကြား ကာကွယ်ရေးဆက်ဆံမှုမှာ ခိုင်မာလာသည့် ပြယုဂ်တစ်ခုဖြစ်သည်။

အိန္ဒိယ၏ လက်နက်များတွင် ရုရှားက နှစ်များစွာ ကြီးစိုးပြီးနောက် အိန္ဒိယ၏ ထိပ်တန်းလက်နက်အရင်းအမြစ်အဖြစ် အမေရိကန်က ပေါ်ထွက်လာခဲ့ပြီဖြစ်သည်။ ထို့အပြင် အိန္ဒိယသည် အမေရိကန်နှင့် လည်း ပူးတွဲစစ်ရေးလေ့ကျင့်မှုများ အများဆုံးပြုလုပ်နေသည်။

ယနေ့အထိ အကြီးမားဆုံးစစ်ရေးပူးပေါင်းဆောင်ရွက်မှုအဖြစ် အိန္ဒိယ၏ အကြီးမားဆုံးလေယာဉ်တင်သင်္ဘောကြီးတည်ဆောက်ရေး အမေရိကန်က ကူညီရေး နယူးဒေလီတွင် ဆွေးနွေးလျက်ရှိသည်။ အိန္ဒိယသမုဒ္ဒရာတွင် တရုတ်က အင်အားဖြန့်ကျက်မှု တိုးချဲ့လျက်ရှိစဉ် ယင်းဆွေးနွေးမှုက အိန္ဒိယ၏ ရေတပ်အင်အားမြင့်တင်မည့် လုပ်ရပ်ဖြစ်သည်။

ထောက်ပို့သဘောတူညီချက်သည် စစ်ပွဲတွင် အမေရိကန်ကို ကူညီရမည့်ကတိကဝတ်နှင့် ပေါင်းစည်းဆက်နွယ်မည်ကို စိုးရိမ်မှုများကြောင့် ယခင်အိန္ဒိယအစိုးရများ လက်ထက်တွင် နှစ်များစွာ နှောင့်နှေး ကြန့်ကြာခဲ့သော်လည်း ဝန်ကြီးချုပ်နာရင်ဒရာမိုဒီ၏ အစိုးရကမူ ထောက်ပို့သဘောတူညီချက်(LSA)ကို ရှေ့ဆက်တိုးရန် ဆန္ဒရှိကြောင်း အချက်ပြနေသည်။

သဘောတူညီချက်ရပြီးပါက ထောက်ပံ့ရေး၊ ပြင်ဆင်ရေးနှင့် အနားယူရေးတို့အတွက် နှစ်နိုင်ငံသည် တစ်ဦး၏ မြေပြင်ပိုင်နက် ဝေဟင်ပိုင်နက်နှင့် ရေတပ်အခြေစိုက်စခန်းများကို တစ်ဦးက အသုံးပြုခွင့်ရမည်ဖြစ်သည်။

အိန္ဒိယနှင့် အမေရိကန်တို့သည် ထောက်ပို့သဘောတူညီချက်အပါအဝင် CISMOA ဟုခေါ်ဆိုသော စစ်ဆင်ရေးအတူဆောင်ရွက်စဉ် လုံခြုံသောဆက်သွယ်မှုအတွက် နောက်ထပ်သဘောတူညီချက်နှင့် တတိယမြောက်အဖြစ် မြေမျက်နှာသွင်ပြင်ဆိုင်ရာ၊ ရေပြင်ဆိုင်ရာနှင့် ဝေဟင်ဆိုင်ရာ အချက်အလက်များမျှဝေရေးဆိုင်ရာသဘောတူညီချက်တို့ရရှိရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း အမေရိကန်ရေတပ်၏ ပစိဖိတ်စစ်ဋ္ဌာနချုပ် အကြီးအကဲ ရေတပ်ဗိုလ်ချုပ် ဟယ်ရီဟဲရစ်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly