တရုတ်ကွန်မြူနစ်ပါတီ၏ အကြိမ် ၂၀ မြောက်ညီလာခံကျင်းပနေချိန်တွင် တရုတ်က တိဗက်အပေါ်ချုပ်ကိုင်မှု တင်းကျပ်လာ

တရုတ်ကွန်မြူနစ်ပါတီ၏ အကြိမ် ၂၀ မြောက်ညီလာခံကျင်းပနေချိန်တွင် တရုတ်က တိဗက်အပေါ်ချုပ်ကိုင်မှု တင်းကျပ်လာ

တရုတ်ကွန်မြူနစ်ပါတီ၏ အကြိမ် ၂၀ မြောက်အမျိုးသား ညီလာခံ ကျင်းပနေဆဲအချိန်တွင် တရုတ်အစိုးရသည် တင်းကျပ်စွာစောင့်ကြည့်ခံထားရသော တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအပေါ် ထိန်းချုပ်မှုကို ပိုမို အားကောင်း အောင် စတင်လုပ်ဆောင်လာကာ အာဏာပိုင်များသည် ကိုဗစ်လုံးဝကင်းစင်ရေးဟူသော မူဝါဒအောက်၌ ဖိနှိပ် မှုကို အရှိန်ဆက်မြှင့်လာသည်။

တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်သည် အာဏာရကွန်မြူနစ်ပါတီ၏ ၅ နှစ်တစ်ကြိမ်ကျင်းပသော အမျိုးသား ညီလာခံကို အောက်တိုဘာ ၁၆ ရက်က ဖွင့်လှစ်ခဲ့သည်။

တိဗက်တွင် တရုတ်ကွန်မြူနစ်ပါတီ၏ ရက်စက်ကြမ်းကြုတ်မှုများ ဆက်ဖြစ်ပွားနေသလို လူနည်းစုများ အထူးသဖြင့် ဝီဂါများသည် တရုတ်အစိုးရ၏ဖိနှိပ်သော မူဝါဒများနှင့် ဒုက္ခကောင်းကောင်းကြုံနေရသည်။

မကြာသေးခင်က တရုတ်ကွန်မြူနစ်ပါတီသည် တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင်းနှင့်ပြင်ပတွင် ကာယကံရှင်သဘောတူညီချက်မပါဘဲ အသက် ၅ နှစ်အရွယ်မှစ၍ ကလေးများထံမှ DNA နမူနာများ ကောက်ယူသည့်လှုပ်ရှားမှုကို လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က ထောက်ပြခဲ့ပြီး ယင်းလုပ်ရပ်မှာ ရှီကျင့်ဖျင်၏ပြန်လည်ရွေးကောက်ခံမှုက တိဗက်နှင့်တိဗက်လူမျိုးများနှင့် သွယ်ဝိုက်ပတ်သက်မှုဖြစ်နိုင်ခြေကို ရှင်းရှင်းလင်းလင်း ပြသနေသည်။

ရှီကျင့်ဖျင်သည် ၂၀၂၁ ခုနှစ်က တိဗက်သို့ ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ သွားရောက်ခဲ့ပြီး နှစ်ပေါင်း ၃၀ အတွင်း တရုတ်သမ္မတတစ်ဦး တိဗက်သို့ ပထမဆုံး လာရောက်မှုဖြစ်သည်။ ထို့ပြင် ရှီသည် ကွန်မြူနစ်ပါတီအာဏာရယူမှု နှစ် ၆၀ ပြည့်အထိမ်းအမှတ်အဖြစ် ဒုသမ္မတဘဝကလည်း တိဗက်သို့ သွားရောက်ခဲ့သည်။ ရှီက တိဗက်ကို မငြိမ်မသက်ဖြစ်အောင် ကြိုးပမ်းသူ မည်သူ့ကိုမဆို နှိမနင်းသွားမည်ဟု ပိုတာလာနန်းတော်တွင် ရန်လိုသော မိန့်ခွင်းပြောကြားခဲ့ကြောင်း Tibet Rights Collectiveကဖော်ပြသည်။

တရုတ်နိုင်ငံသည် ၁၉၅၀ ပြည့်နှစ်တွင် တိဗက်ကိုတရားမဝင် သိမ်းပိုက်ပြီးကတည်းက တရုတ်ကွန်မြူနစ် အစိုးရသည် တိဗက်လူမျိုးများအပေါ် ရက်စက်ကြမ်းကြုတ်မှုများ စတင်ကျင့်သုံးခဲ့ပြီး တိဗက်လူမျိုးများ၏ ဘဝကို အရှင်လတ်လတ် ငရဲသို့ ကျစေခဲ့သည်။

အခြေခံလူ့အခွင့်အရေးကင်းမဲ့မှုသည် ပြဿနာတစ်ရပ်ဖြစ်ပြီး နိုင်ငံတကာပလက်ဖောင်းများတွင် ထိုက်သင့်သော အာရုံစိုက်မှုရရန် အခါအားလျော်စွာ ဆွေးနွေးခဲ့ကြသည်။ သို့သော် ဝမ်းနည်းစရာကောင်းသည်မှာ ကုလသမဂ္ဂ ကဲ့သို့သော အဖွဲ့အစည်းများက ယင်းပြဿနာအား အရေးတယူလုပ်ဆောင်သင့်သည့်ကိစ္စအဖြစ် မည်သည့်အခါမျှ ထည့်သွင်းမစဉ်းစားကြခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required