အိန္ဒိယအမျိုးသားတစ်ဦး မိသားစု ၁၄ ဦးကို သတ်ဖြတ်ပြီး ကိုယ်ကိုကို သတ်သေ

အိန္ဒိယအမျိုးသားတစ်ဦး မိသားစု ၁၄ ဦးကို သတ်ဖြတ်ပြီး ကိုယ်ကိုကို သတ်သေ

နယူးဒေလီ၊ ဖေဖော်ဝါရီ ၂၉ ။           ။ အိန္ဒိယနိုင်ငံတွင် အသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦးက ကလေးခုနစ်ဦးနှင့် သူ၏ မိဘများအပါအဝင် မိသားစုဝင် ၁၄ ဦးကို သတ်ဖြတ်ကာ ကိုယ်ကိုကိုလည်း သတ်သေခဲ့ကြောင်း ရဲဌာနက ပြောသည်။

ဟတ်နင်းဝါရီကာဆိုသည့် ယင်းအမျိုးသားက ၎င်း၏ မိသားစုကို အစားအသောက်တွင်း စိတ်ငြိမ်ဆေးခတ်ကာ နောက်တွင် လည်ပင်းလှီးသတ်ဖြတ်ခြင်းဖြစ်သည်။

မွမ်ဘိုင်းအနီး သာနီအရပ်တွင် ယင်းသို့ဖြစ်ပွားခြင်းဖြစ်ပြီး အိမ်နီးချင်းများက ဝါရီကာ၏ ညီမဖြစ်သူ၏ အော်ဟစ်သံကိုကြားပြီး တိုင်ကြားကြခြင်းဖြစ်သည်။ ယင်းသို့ မိသားစုဝင်များအား သတ်ဖြတ်မှုတွင် ၎င်းညီမဖြစ်သူပဲ အသက်ရှင်လွတ်မြောက်ခြင်းဖြစ်သည်။

ဝါရီကာ မည်သည့်အတွက်ကြောင့် ယခုကဲ့သို့ တိုက်ခိုက်ရခြင်းကို မသိရသေးကြောင်း ရဲက ပြောသည်။

လွတ်မြောက်လာသည့် ညီမဖြစ်သူကို ရဲက စစ်ဆေးမေးမြန်းခြင်း မရှိသေးကြောင်း၊ အလွန်ကြောက်လန့်နေ၍ ဆေးရုံတင်ထားရခြင်းကြောင့်ဖြစ်ကြောင်း ရဲဌာန ပြောရေးဆိုခွင့်ရှိသူကဘ်ဒူလီက ဆိုသည်။

"သူက ဓားကြီးတစ်လက်နဲပ ခုလိုတိုက်ခိုက်တာပါ။ ကိုယ်မိဘကို ပြန်သတ်တယ်။ ညီမတွေ၊ ညီမတွေရဲ့ ကလေးတွေကိုလည်း သတ်ဖြတ်တယ်။ လည်လှီးပြီး သတ်တာပါ။"ဟု ကတ်ဒူလီက ပြောသည်။

အသတ်ခံရသူများတွင် အငယ်ဆုံးမှာ သူ၏ သုံးလသားအရွယ် သမီးလေးတစ်ဦးကိုလည်း သတ်ဖြတ်ခြင်းဖြစ်ကြောင်း ပရက်စ်ထရပ်သတင်းက ဖော်ပြသည်။

ယခုတိုက်ခိုက်မှုကို ဖေဖော်ဝါရီ ၂၈ ရက် နံနက်အစောပိုင်းက ကျုးလွန်ခြင်းဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly